English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၀၁ရက်၊ ၂၀၂၅
လှူရန်
Preview
မြေပုံမြို့နယ်တွင် သစ်သွားခုတ်သူတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံး
မတ် ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :2123
မှုခင်း သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ မတ်လ ၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာမှ စက်လှေပြုပြင်ရန် သစ်ခုတ်သွားသူတစ်ဦး ယနေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် လီသွန်တောင်အနီးတွင် မိုင်းနင်းမိ၍ ခြေထောက် တစ်ဖက် ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။
မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသူမှာ ကိုစိုးနိုင်လင်း(ခ) ညီပုချေ(၂၆)နှစ်ဖြစ်သည်။
၄င်းမှာ စက်လှေဒေါက်တိုင် (ဒေသအခေါ်လောင်းဒဂုံ)အတွက် လိုအပ်သည့် သစ်ကို လီသွန်တောင် အနီးတွင် သွားခုတ်ရာမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း မိသာစုဝင်များက ပြောသည်။
ကိုစိုးနိုင်လင်း၏ ယောက္ခမ ဖြစ်သူ ဦးဖေသိန်းက “ လောင်းဒဂုံ(စက်လှေဒေါက်) သွားခုတ်တာမှာ မြေမြုပ်မိုင်းပေါက်တာပါ။ညာဖက်ခြေထောက် ပေါင်ရင်းက ပြတ်သွားပါတယ်။ အခုကမ်းထောင်းကြီး ဆေးရုံကိုသယ်လာတာပါ” ဟု ပြောဆိုသည်။
ကမ်းထောင်းကြီးမြို့မှ လူမှုရေးလုပ်ငန်းများကူညီလုပ်ကိုင်ပေးနေသူ ဦးဝင်းလှအောင်ကလည်း ၄င်းတို့ အနေဖြင့် လူနာကို ဆေးရုံသို့ ကူညီသယ်ဆောင်ပေးနေ၇ကြောင်းပြောသည်။
“ မိသားစုတွေလည်းအတူပါလာကြပါတယ်။ ပေါင်ကနေပြတ်ထွက်သွားတာပါ။ တစ်ခြား ဘယ်နေရာတွေ ဒဏ်ရာရသေးလည်း မကြည့်လိုက်၇ဘူး “ဟုပြောသည်။
လက်ရှိတွင် လူနာအား အရေးပေါ်ခွဲစိတ်ခန်းသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိ၇သည်။
#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.