Preview

တောင်ကုတ်မြို့နယ်တွင်ကားတစ်စီးချောက်ထဲထိုးကျ၍လမ်းကြုံလိုက်လာသည့်သားမိနှစ်ဦး သေဆုံး

ဧပြီ ၀၉/ ၂၀၂၁ | ကြည့်ရှုသူ :5124
မှုခင်း သတင်း

ချစ်အိလှိုင်၊ အောင်လင်းထွန်း

နိရဥ္စရာ၊ ဧပြီ ၉/ ၂၀၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ရေပေါ်ကြီး တောင်ကြားလမ်းတွင်ယမန်နေ့ နံနက် ရ နာရီခန့်က ကုန်ကားတစ်စီး ချောက်ထဲထိုးကျသွားရာမှ လမ်းကြုံလိုက်လာသည့်အသက်(၉) နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ တောင်ကုတ်မြို့နယ် ကြိုးကြားကွင်းအုပ်စု၊သပြေကွင်းကျေးရွာဇာတိ မောင်ရဲရင့်ထွန်း(၉)နှစ်နှင့် ဒေါ်ကေသီမိုး(၂၅)နှစ်တို့ဖြစ်ကြသည်။

တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ကျဂတ်စာရေး ဦးမြတ်ဌေးက  ကားက ဟွန်ဒိုင်းအမျိုးအစား ကုန်ကားပါ။ သပြေစုကနေ လမ်းကြုံလိုက်လာတာလို့သိရတယ်။နေရာမှာသေဆုံးတာပါ။ နောက်ထပ် ၅ လသားလေးနဲ့ ၆ နှစ်ကလေးတစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရတွေရကြတယ်။သားအမိတွေပါ။ကားဒရိုင်ဘာကို အမှုဖွင့်ထားတယ်။ စခန်းမှာ ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ကကြေးနန်းအရပြောရတာပါ။ ရေပေါ်ကြီးစခန်းမှူးက အခင်းဖြစ်ပွားတဲ့နေရာကို သွားခဲ့တာပါ။ဟုပြောသည်။

၄င်းကားမှာ ရေပေါ်ကြီးတောင်တက်လမ်းပေ ၄၀၀ ခန့်ချောက်ထဲကိုထိုးဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်ဟု သူကပြောသည်။

ရေပေါ်ကြီးစခန်းမှူးအား နိရဉ္စရာသတင်းဌာနမှ အခင်းဖြစ်ပွားပုံအသေးစိတ်အားသိရှိနိုင်ရန် ဆက်သွယ်ရာ သားမိနှစ်ဦး သေဆုံးမှုမှာ မှန်ကန်ကြောင်း၊ ကားကြုံ၍ လိုက်လာရာမှသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍တောင်ကုတ်မြို့မရဲစခန်းမှူး ၃၀၄(က) လူသေမှု / ၂၇၉ (ယာဉ်မဆင်မခြင်မောင်းနှင်မှု)တို့ဖြင့်အမှုဖွင့်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။


#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.