Preview

ပုဏ္ဏားကျွန်းမြို့နယ်တွင်ခရီးသယ်တင်ယာဉ်နှစ်စီးတိုက်၍ တစ်ဦးသေ၊ အမျိုးသမီးတစ်ဦးအပါအဝင် လူ ၁၀ ဦးခန့်ဒဏ်ရာရ

မေ ၀၆/ ၂၀၂၁ | ကြည့်ရှုသူ :7676
မှုခင်း သတင်း

ချစ်အိလှိုင်

နိ၇ဉ္စရာ၊ မေ၆/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ရန်ကုန်စစ်တွေကားလမ်းမကြီးပေါ်တွင်ယမန့်နေ့ ညနေ ၅ နာရီခန့်က ခရီးသယ်တွင် ယာဉ်နှစ်စီးတိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံးကာ၊အမျိုးသမီးတစ်ဦးအပါအဝင် လူ ၁၀ ဦးခန် ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

 

အဆိုပါကားနှစ်စီးမှာ စစ်တွေမြို့မှ မြောက်ဦးသို့ သွားသည့် ကားတစ်စီးနှင့် မြောက်ဦးဖက်မှစစ်တွေဖက်သို့ လာသည့် ခရီးသည်တင် ကားနှစ်စီးဖြစ်ကြောင်း၊မျက်နှာချင်းဆိုင်တိုက်မိကြရာမှ ကားပေါ်ပါလာသည့် ဒရိုင်ဘာတစ်ဦးသေဆုံးခဲ့ကာ လူ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံကျေးရွာသားများက ပြာသည်။

 

၄င်းအခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည့် အနီးအနားကျေးရွာတစ်ခုဖြစ်သည့် အောင်ဖြူပြင် ကျေးရွာမှ ဦးအောင်ထွန်းကျော်က ဒဏ်ရာ၇သူ ၉ ဦးအထဲမှာ မျိုးသမီးကတော့ အတော် ဒဏ်ရာပြင်းတယ်။ အကုန်လုံးနီးပါးဒဏ်ရာရကြတယ်။လူတစ်ဆယ်ကျော်လောက်ရှိမယ်။ ဦးလေးရောက်သွားတော့ လူနာတင်ကားနဲ့တင်နေပြီ။ သေတဲ့လူကို ယိုးတရုပ်ဆေးရုံတင်သွားတယ်။နောက်ထပ်ဒဏ်ရာရတဲ့လူတွေကို စစ်တွေတို့ ပုဏ္ဏားကျွန်းဆေးရုံတို့ကို ပို့လိုက်တယ်လို့သိ၇တယ်။ဟုပြောသည်။

 

အဆိုပါလူနာများအား စစ်တွေဆေးရုံသို့  (ရ)ဦး၊ ပုဏ္ဏားကျွန်းဆေးရုံတွင်တစ်ဦးတို့ကို ပို့ဆောင်ပေးခဲ့ပြီး၊ ၄င်းတို့ မရောက်မှီကပင်စစ်တွေဆေးရုံသို့ ရွှေလမင်းလူစီးကားဖြင့် နှစ်ဦးတင်ဆောင်သွားကြောင်းသိရသဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်၇သည့်လူ စုစုပေါင်း ၁၀ ဦးခန့်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှယာဉ်မောင်း ဦးမောင်မောင်သန်းက ပြောသည်။

 

ကျွန်တော်တို့ မနေ့က ည ၉ နာရီလောက်မှာ စစ်တွေကို ခုနစ်ဦးပို့ပေးလိုက်ပါတယ်။ ဒဏ်ရာပြင်းတဲ့ လူနာတွေပါ။ ဒဏ်ရာရတဲ့လူနာတွေများပေမယ့် အရေးပေါ်ဆေးပို့ဆောင်ပေးတာ ဆယ်ယောက် လောက်ဖြစ်မယ်။ သေသွားတဲ့လူကတော့ ကားဒရိုင်ဘာတစ်ယောက်လို့ သိရတယ်။ နောက်ကားတစ်စီးကကားဒရိုင်ကတော့စစ်တွေဆေးရုံကို တင်တဲ့အထဲပါတယ်ဟုပြောသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ၄င်းတို့မှာနယ်မြေဒေသအခြေအနေကြောင့် အခင်းဖြစ်ပွားသည့် နေရာသို့သွားရောက်နိုင်ခြင်းမရှိသည့်အတွက်တစ်စုံတစ်ရာသိရှိဖြေကြားနိုင်ခြင်းမရှိကြောင်း ပြောဆိုသည်။

 

လက်ရှိတွင်လူနာများများမှာ စစ်တွေဆေးရုံတွင် (၉) ဦး ၊ ပုဏ္ဏားကျွန်းဆေးရုံတွင်(၁) ဦးတို့ ဆေးကုမှုခံယူနေကြရကြောင်းသိ၇သည်။

 

စစ်တွေဆေးရုံအုပ်ဒေါက်တာကြည်လွင်က ၄င်းမှာ အဆိုပါလူနာများ အခြေအနေအား မေးမြန်းနေဆဲဖြစ်သဖြင့်လတ်တလောတွင် ဖြေကြားနိုင်ခြင်းမရှိသေးကြောင့် ပြောဆိုသဖြင့် လူနာများ၏ နောက်ဆက်တွဲအခြေအနေကို တင်ပြနိုင်ခြင်းမရှိသေးပါ။

#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.