ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မေ ၁၅ / ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာနေဦးကျော်ဦးထွန်း (၆၆) နှစ်မှာ ယနေ့ နံနက် ၁၀နာရီအချိန်ခဲ့က မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားခဲ့သည်ဟုသတင်းရရှိသည်။
၎င်းမှာ ဒါးလက်အနောက်ရွာအနက်ဖက် ၃ဖာလုံအကွာကျောက်တံခါးတောင်ရှိ မိမိပိုင်ဆိုင်သော သီဟိုဠ်ခင်းထဲသို့ သွားရောက်ကြည့်ရှုစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟုအမ်းမြို့ဒေသခံ ကိုမျိုးလွင်က ပြောသည်။
“သူ့သီဟိုဠ်ခင်းမှာရွာသားတချို့ကိုသီးဟိုဠ်စေ့ကောက်ဖို့ခိုင်းထားတယ်။ အဲဒါကို သူက ကြည့်ဖို့သွားတာ။ ဥယျာဉ်ထဲကို ရောက်တော့ဟိုသွား၊ ဒီသွားနဲ့ သွားလာနေတော့ အဲဥယျာဉ်ထဲမှာပဲ မိုင်းပေါက်ကွဲပြီးတော့ သူရဲ့ ခြောက်ထောက်နှစ်ချောင်းလုံး ဒူးဆစ်အောက်ကနေ ပြတ်တောက်သွားတယ်လို့သိ၇တယ် ” ဟုပြောသည်။
ဒဏ်ရာရရှိသွားသူအား တပ်ဆေးရုံနှင့် အမ်းပြည်သူ့ဆေးရုံ မည်သည့်ဆေးရုံသို့ပို့ဆောင်သွားမည်ကို မသိရှိရသေးသော်လည်း ဒါးလက်ဒေသသည် တပ်မတော်မှ လွှမ်းမိုးထားသည့်ဒေသဖြစ်သောကြောင့်တပ်ဆေးရုံသို့ ပို့ဆောင်ရန် ယူဆမိသည်ဟု ကိုမျိုးလွင်က ဆက်လက်ပြောဆိုသည်။
ခြေထောက်ပြတ်တောက်သွားသော ဦးကျော်ဦးထွန်းမှာ၇ခိုင်အမျိုးသား တစ်ဦးဖြစ်ကြောင်းသိရှိ၇သည်။