ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၂၂/ ၂၀၂၁
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအနီး ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်အရှိန်လွန်မောင်းလာသည့် လူငယ်တစ်ဦး လမ်းဘေးသို့ ထိုးကျ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
၎င်းဖြစ်စဉ်မှာ ယနေ့ နံနက် ရ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အတွင်းရေးမှူးကိုမင်းထက်အောင်က ပြောသည်။
“ကားနဲ့ တိုက်မိတာလည်း မဟုတ်ပါဘူး။ ပါဒလိတ်ရွာနားက လမ်းမကြီးမှာဂေါက်ကွေ့တစ်ခုရှိပါတယ်။ အဲဒါကို သူက အရှိန်လွန်မောင်းလာတာဖြစ်မယ်ပေါ့။ အဲဒီမှာထိုးကျပြီးနောက် ဆေးရုံကိုပို့တယ်။ ဆေးရုံမှာ ဆုံးတာပါ။သူ့မှာ လက်ကိုင်ဖုန်းတွေလည်း ပါမလာဘူး။ ပါဒလိတ်ရွာကလူတွေကတော့ အခုဆုံးသွားတဲ့ သူက အဲဒီအနီးအနားပတ်ဝန်းကျင်ကမဟုတ်ဘူးလို့ ပြောပါတယ်” ဟု ပြောသည်။
သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အမျိုးသားဖြစ်ပြီး လက်ရှိတွင် ၄င်း၏ နေရပ်နှင့်အမည်ကိုလည်း စုံစမ်း၍ မ၇သေးကြောင်း သူက ဆက်ပြောသည်။
“ဆေးရုံကိုအရောက်မှာ ဆုံးတာပါ။ ကျွန်တော်တို့ ရွှေရောင်မေတ္တာကသတင်းရတာနဲ့ သူ့ကိုသွားယူပြီး ဆေးရုံပို့တာပေါ့။ သူက နည်းနည်းသောက်စားထားပြီး မောင်းလာတာလည်းဖြစ်နိုင်ပါတယ်” ဟု ၄င်းကပြောသည်။
ဓါတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း