Preview

ကျောက်တော်တွင် မူလတန်းပြဆရာမတစ်ဦး ရေနစ်သေဆုံး

မေ ၂၆/ ၂၀၂၁ | ကြည့်ရှုသူ :3487
မှုခင်း သတင်း

ထက်အောင်

နိ၇ဉ္စရာ၊ မေ ၂၆/ ၂၀၂၁

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ကန်စောက်ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာမတစ်ဦးယမန်နေ့ မေလ ၂၅ ၇က်နေ့ကကျေးရွာအနီးရှိ စမ်းမဲချောင်း အတွင်း ရေနစ်သေဆုံးသွားကြောင်းမိသားစုဝင်များက ပြောသည်။

ရေနစ်သေဆုံးသွားသည့် မူလတန်းပြကျောင်းဆရာမမှာအသက် (၂ရ) အရွယ် မဆောင်းနှင်းချေ ဖြစ်ပြီး  ကျောင်းဆရာမသက်တမ်း (၃) နှစ်နီးပါး ရှိနေပြီဖြစ်ကာကန်စောက်ကျေးရွာမူလတန်းကျောင်းတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိ၇သည်။

ရေနစ်သေဆုံးသွားသည့် ကျောင်းဆရာမငယ်၏ဆွေမျိုးတော်စပ်သူ ဒေါ်စောခိုင်ညွှန့်က မနေ့က အိမ်မှာ ဘာပြဿနာမှမရှိဘူး သူ့မှာလေ။ ရွာမှာသူ့အဖေရဲ့ ဟင်းခြံ တစ်ခုရှိတယ်။ အဲဒီကို ထွက်သွားတာ အိမ်ကမိသားစုတွေကလည်းမသိလိုက်ဘူး။ မိုးလည်းရွာနေတယ်။ ခမောက်လေး ဆောင်းပြီးတော့ လက်မှာရေဘူးတစ်ဘူးကိုင်ပြီး ထွက်သွားတာ။ အဲဒီနေရာမှာ သူတစ်ယောက်တည်း၊မနေ့က လူတွေလည်း အဲအနီးအနားမှာမရှိဘူး။ အရင်နေ့တွေကဆိုရင် လူသွားလူလာတွေရှိတယ်။ ချောင်းကမ်းပါးက ချော်ကျသွားလို့ အခုလိုဖြစ်သွားတာလို့ထင်ပါတယ်ဟု ပြောပြသည်။

သူ အလောင်းအား ယမန်နေ့ ညနေပိုင်းက ရွာအနီး ချောင်းစပ်တွင် ရေပေါ်တွင် မျော၍ တွေ့ရှိခဲ့၇သည်ဟု ဆိုသည်။

သူ့အလောင်းကိုလည်းမနေ့ကနေရှာတွေ့တယ်။ကျမတို့လည်း တွက်ဆလို့မ၇ဘူး။ သူက ဝက်ခြံပေါက်လို့ စိတ်ညစ်နေတာတော့ရှိတယ်။ အဲဒီ ဝက်ခြံပေါက်တာ (၂) နှစ် လောက်ရှိပြီ။ မျက်နှာတစ်ခုလုံးစုတ်ပြဲနေတာပဲ။ အဲဒါကြောင့် စိတ်ညစ်တယ်ဆိုပြီး ပြောနေတယ်။ ဒါနဲ့လည်း  အဆုံးစီရင်တာလည်း မဖြစ်နိုင်ဘူးဟု ပြောသည်။

သူမသေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး မျက်မြင် မရှိသဖြင့် သေဆုံး၇ခြင်း အကြောင်းအရင်းကို တိတိကျကျ ပြောဆိုရန် ခက်ခဲသည်ဟု ဒေါ်စောခိုင်ညွှန့်က ပြောဆိုသည်။

သူမအား မေလ ၂၆ နေ့လယ် ၁၂ နာရီမှာ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းသိ၇သည်။ 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.