Preview

မြောက်ဦးမြို့တွင် အသက် ၈၀အရွယ်မသန်စွမ်းအဖိုးအိုတစ်ဦးရေနစ်သေဆုံး

မေ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :9538
မှုခင်း သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ၃၀/ ၂၀၂၁

၇ခိုင်ပြည်နယ်၊မြောက်ဦးမြို့သင်္ဘောဆိပ်အနီးချောင်းထဲတွင် မေလ ၂၉ ရက် ညနေ ၅ နာရီခန့်က အသက် ၈၀ အရွယ် မသန်စွမ်းအဖိုးအိုတစ်ဦးရေနစ်သေဆုံးနေသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ်လေညှင်းတောင်ကျေးရွာမှ ဦးမောင်ထွန်းစိန်(၈၀)နှစ်ဖြစ်ကာ ဝါးဖောင်လုပ်ငန်းတွင်အငှားလုပ်ကိုင်နေသူဖြစ်ကြောင်း သိ၇သည်။

လေညှင်းတောင်အုပ်စုအုပ်ချုပ်ရေးမှူးဦး ဦးစောသန်းကကျွန်တော်တို့သတင်းရတာတော့ ငါးနာရီ လောက်ကပါ။ သူကခြေထောက်တစ်ဖက်မသန်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့အတွက် ဆင်ချဆိပ်က သန်းမြင့်မောင်ဆိုတဲ့လူရဲ့ဝါးဖောင်မှာ အငှားလိုက်ဖို့လိုက်သွားတာပါ။ ဒီနေ့သူ့အလောင်းကို သင်္ဘောဆိပ်အနီးက ရေထဲမှာ တွေ့တယ်လို့သိ၇ပါတယ်ဟုပြောသည်။

လက်ရှိတွင် အလောင်းအားမြောက်ဦးဆေးရုံသို့ပို့ဆောင်ထားပြီး မိသားစုဝင်များအား အသိပေးထားကြောင်း၊ ရဲတပ်ဖွဲ့အားဆက်သွယ်ထားကြောင်း လည်း သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။

photo-Salar Kyaw Linn Hein

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.