Preview

ကော့စ်ဘဇားခရိုင်၊ဘာလုခါလီစခန်းမှ ဒုက္ခသည်တစ်ဦးကိုယာဘားဆေးပြား ၅သိန်းကျော်နှင့် အတူဖမ်းမိ

ဇွန် ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :5047
မှုခင်း သတင်း

နိရဉ္စရာ၊ ဇွန် ၂./၂၀၂၁

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိမြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မူဆလင်ဒုက္ခသည်များနေထိုင်ရာ ဘာလုခါလီစခန်း ဒုက္ခသည်တစ်ဦးထံမှစိတ်ကြွယာဘားဆေးပြား ၅၄၆၆၈၀ ဖမ်းဆီး၇မိကြောင်း UkhiyaToday News တွင် ဓာတ်ပုံများနှင့် တကွဖော်ပြသည်။

 ဖမ်းဆီးခံ၇သူမှာ ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၉)၊ အကွက်(ဂျီ)မှ ဂူရာမျာ (ဘ) မီဇာနူရ်၇ဟာမန် ဖြစ်ကြောင်း၊ ၎င်းမှာလှေပဲ့နင်းတစ်ဦးဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သည့် မေ ၃၁ ရက် တနင်္လာနေ့ ညအချိန်တွင် ဘင်္ဂလားဒေ့ရှ်မှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (Rapid Action Battalion) က ၎င်း၏ နေအိမ်ကိုဝင်ရောက်စီးနင်းရှာဖွေရာမှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ၎င်းရဲတပ်ဖွဲ့ အကြီးအကဲ အဒူလာမူဟာမတ်ချိတ်ရှာဒီကပြောကြောင်း သတင်းတွင် ရေးသားထားသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.