အောင်လင်းထွန်း
နိရဥ္စရာ၊ဇွန်လ ၈ /၂၀၂၁
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် ကမားကျေးရွာတွင် ဇွန်လ ရ ရက်နေ့ ညက ရပ်ထားသည့်ကားကိုဆိုင်ကယ်ဖြင့်ဝင်တိုက်၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာကိုမင်းမင်းထွန်း (၂၅ နှစ်) ဖြစ်သည်။
သူသည်ဇွန် ရ ရက် ည၉ နာရီ မိနစ် ၄၀ ခန့်တွင် ကမားကျေးရွာတောင်ဘက်မှဆိုင်ကယ်ဖြင့် မောင်းလာစဉ်စစ်လမ်း၀ လမ်းခွဆုံအနီးရပ်ထားသည့် ကုန်တင်ကားကို အရှိန်မထိန်းနိုင်ဘဲဝင်တိုက်ခဲ့သည့်အတွက် ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ကိုမောင်လေးကပြောသည်။
“ဆိုင်ကယ်တိုက်တယ်လို့အသံကြားလို့သွားကြည့်တာကျနော်ရောက်တဲ့အချိန်မှာ ကားဘီးအောက်ထဲကို ဆိုယ်ကယ်ဝင်သွားတယ်။ ရပ်ထားတဲ့ကားကိုသူကဝင်တိုက်တာ။ သူ့မှာ နှာခေါင်းရိုးလည်း ကျိုးသွားတယ်။ သွေးတွေဆိုလည်းအိုင်နေတယ်။ တိုက်ပြီးလို့ ၅ မိနစ်နေတော့ မလှုပ်တော့ဘူး” ဟု ပြောသည်။
အခင်းဖြစ်ပြီးနောက်ညဉ့် ၁၂ နာရီခန့်တွင် မိသားစုရောက်လာသည့်အခါမှ အလောင်းအားမာန်အောင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့၇သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးမာန်အောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “မိမိကိုယ်ကိုယ်အသက်သေတဲ့အထိယာဉ်ကိုမဆင်မခြင်စီးနှင်းမောင်နှင်လို့ ပုဒ်မ ၃၀၄ (က)နဲ့ အမှုဖွင့်ထားတယ်” ဟု နိရဥ္စရာကို သည်။
သေဆုံးသူနှင့်သူ၏မိသားစုမှာ ကမားကျေးရွာမှဖြစ်သော်လည်း မာန်အောင်မြို့တွင် ပြောင်းရွှေ့နေထိုင်သူများ ဖြစ်သည်။