English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
ဂွမြို့နယ်တွင် သက်ငယ်အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ဟု ဆို
ဇွန် ၁၆/ ၂၀၂၁ | ကြည့်ရှုသူ :891
မှုခင်း သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၂/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာတွင် ယမန့်နေ့ နေ့လယ် ၂ နာရီခန့်က အသက်(၁၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပထွေးဖြစ်သူမှ အဓမ္မပြုကျင့်ခြင်းခံရကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးငယ်မှာ ဒေါ်+++ ၏ သမီး အသက်(၁၃)နှစ်အရွယ် မ+++++ ဖြစ်ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သည်ဟု ဖမ်းဆီးခံထား၇သူ ပထွေးဖြစ်သူ အသက်(၄၈)နှစ်အရွယ် ဦး++++ကို ဖမ်းဆီးထားသည်ဟု သိ၇သည်။
အဆိုပါအမျိုးသမီးငယ်လေး၏ မိခင်ဖြစ်သူမှာ ငါးအရောင်းအဝယ်လုပ်ကိုင်ပြီး ယမန်နေ့နေ့လယ်က မိခင်ဖြစ်သူ ဝယ်ရန်သွားသည့်အချိန်တွင် အဆိုပါပထွးဖြစ်သူက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက လာရောက်တိုင်ကြားခဲ့သည်ဟု မကျေးငူကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူး ဦးကိုလေးလေးက နိရဥ္စရာသတင်းဌာနအားပြောသည်။
“ ကလေးမရဲ့အမေဖြစ်သူက လာတိုင်တဲ့အတွက် ကျွန်တော်တို့ သွားဖမ်းခဲ့ပါတယ်။ ဂွရဲစခန်းကို အပ်လိုက်ပါပြီ။ ဟိုလိုမျိုးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားတာမရှိဘူးလို့တော့သိရတယ်။ သူတို့က ကျွန်တော်တို့ရွာကို ပြောင်းလာတာ ခြောက်နှစ်လောက် ရှိပြီ။ကလေးမလေးရဲ့ပထွေးကလေည်း ငါးအရောင်းအဝယ်လုပ်ပါတယ်။ ကလေးမလေးကိုတော့ ဆေးစစ်ချက် ယူထားပါတယ်။ အဖြေမသိ၇သေးပါဘူး” ဟုပြောသည်။
အဆို ပါအမျိုးသမီးငယ်လေးမှာ မိခင်ဖြစ်သူငါးအရောင်းအဝယ်အလုပ်တွင် ကူညီလုပ်ကိုင်ပေး၇ပြီး ချို့တဲ့သည့်အတွက် အတန်းပညာ မသင်ကြားနိုင်ကြောင်း သူကဆက်ပြောသည်။
ဂွမြို့နယ်ရဲစခန်းမှတာဝန်ကျရဲအရာရှိက “ မနေ့က အဲဒီကလေးလေးကို ပထွေးဖြစ်သူက အိမ်ခန်းထဲမှာ အိပ်ယာသိမ်းခိုင်းဖို့ခေါ်ပြီးတော့ အဲလို အဓမ္မပြုကျင့်တာပေါ့။ သူ့အမေက ကမ်းနားဖက်မှာ ငါးဝယ်ဖို့သွားတဲ့ အချိန်မှာဖြစ်တာ။ သူ့အမေက မသင်္ကာတဲ့အတွက် အိမ်အမြန်ပြန်လာတဲ့ အချိန်မှာ ကလေးက အိမ်ခန်းထဲငိုပြီးထွက်ပြေးသွားတာတွေ့လိုက်တာ။ သူ့အမေကလိုက်မေးတော့ ဟုတ်တယ်လို့ပြောပြခဲ့တာပါ။ မနေ့က ကျွန်တော်တို့ စခန်းမှာ မေးတုန်းကတော့ ကလေးကရှက်ပြီး သိပ်ပြီးအတိအကျမဖြေချင်ဘူး။ အမေရှေ့ကလည်းမဖြေချင်တာပါတာပေါ့။ဒီနေ့ ရဲမေတွေနဲ ချော့မေး၇ပါမယ်။ ပြစ်မှုကျူးလွန်တဲ့လူကိုတော့ ကျွန်တော်တို့ ဖမ်းမိထားပါတယ်” ဟုပြောသည်။
အဆိုပါအမျိုးသမီးငယ်၏ ပထွေးဖြစ်သူကို ယနေ့တွင် ဂွမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူသွားမည်ဖြစ်ကြောင်း သိ၇သည်။
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.