English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
မြောက်ဦးမြို့နယ်တွင် စက်လှေချင်းတိုက်မိ၍ ပျောက်နေသည့် အမျိုးသမီးအား သေဆုံးလျက် ပြန်တွေ့
ဇူလိုင် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :4397
မှုခင်း သတင်း
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စက်လှေချင်းတိုက်မိရာမှ ပျောက်ဆုံးနေသည့် အမျိုးသမီးအား သေဆုံးလျက် ပြန်တွေ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးမှာ ကျောက်တော်မြို့နယ်၊ ပေါက်လေတောင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ်လှမိုးကြည်ဖြစ်ပြီး သူ၏အလောင်းအား ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကုလားကချောင်း ကျေးရွာအနီး ကမ်းစပ်တစ်ခုတွင် တွေ့ခဲ့ခြင်းဖြစ်သည်ဟု ပေါက်လေတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြောသည်။
“အလောင်းရဲ့ မျက်နှာမှာ တချို့အစိတ်အပိုင်းတွေ မပါတော့ဘူး။ အလောင်းက အနံ့နည်းနည်း အနံ့ထွက်နေပါပြီ။”ဟု ပြောသည်။
အလောင်းအား ယမန်နေ့ နေ့လယ် ၁ နာရီခန့်တွင် ပေါက်လေတောင်ကျေးရွာရှိ သချႋုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိ၇သည်။
သေဆုံးသွားသူသည် ဇွန်လ ၂၆ ရက်နေ့ မွန်းတည့်ပိုင်းက မြောက်ဦးမြို့သို့ စက်လှေငယ်ဖြင့် ဈေးဝယ်ရန်သွားစဉ် မြောက်ဦးမြို့နယ်၊ ကုလားကချောင်းအတွင်း အခြားစက်လှေတစ်စီးဖြင့် တိုက်မိရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းနေ့က တိုက်မိခဲ့သည့်စက်လှေနှစ်စီး၏ စက်လှေမောင်းသမားနှစ်ဦးကို သေဆုံးသူ၏မိသားစုဝင်များက ကျေနပ်မှုမရှိ၍ အခင်းဖြစ်သည့်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးရန်ခေါ်ဆောင်သွားခဲ့သည်ဟုလည်း ပေါက်လေတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြောသည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.