ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် စက်လှေပိုင်ရှင်ကို ဓားဖြင့် ခုတ်သတ်သွားသူအား ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၈/၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဆတ်ရိုးကျတံတားအောက်၌ စက်လှေပိုင်ရှင်တစ်ဦးကို ဓားဖြင့် ခုတ်သတ်သွားသူအား ဖမ်းဆီးရမိပြီဟု သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူ ကိုဝင်းမောင်ချေ (၃ဝ နှစ်ခန့်)ကို ယနေ့ ဇူလိုင်လ ၈ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်ရှိ လူမနေသည့်ခြံတစ်ခြံအတွင်း၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသွားသူ၏ မိသားစုတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
“အခုတော့ ဖမ်းမိထားပြီ။ သူကတော့ ရဲစခန်းတစ်ခုကို ရှာနေတာလို့ ပြောတယ်။ ဝန်ခံဖို့ သဘောပေါ့။ အခုတော့ သူ့ကို ရဲလက်ကို အပ်လိုက်ပါပြီ။”ဟု ပြောသည်။
လက်ရှိတွင် သူ့အား လူသတ်မှုပုဒ်မဖြင့်အမှုဖွင့်ထားသည့် စစ်တွေမြို့ အမှတ် (၂) နယ်မြေခံ ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီဟုလည်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် စစ်တွေမြို့ အမှတ် (၂) နယ်မြေခံ ရဲစခန်းကို နိရဥ္စရာသတင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ဓားဖြင့်အခုတ်ခံရ၍ သေဆုံးသွားသူမှာ စစ်တွေမြို့နယ် ကျေးတောအုပ်စု
ကျေးတောရွာမကျေးရွာနေ ဦးစံဦးကျော် (၆၆ နှစ်)ဖြစ်သည်။
သူသည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ပုစွန်ဒိုင်သို့ ပုစွန်သွင်းပြီးနောက် လှေလုပ်သား ၃ ဦးနှင့်အတူ ဆတ်ရိုးကျချောင်းသို့ပြန်လာခဲ့သည်ဟု သိရသည်။ ယင်းသို့ပြန်လာစဉ် ပဲ့ကိုင်ဖြစ်သူ ကိုဝင်းမောင်ချေနှင့် စကားအနည်းငယ်များရာမှ ကိုဝင်းမောင်ချေက ဓားရှည်ဖြင့် ခုတ်လိုက်ရာ ဦးစံဦးကျော်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ သားဖြစ်သူက နိရဥ္စရာကိုပြောသည်။
Photo - Aung Hein Tun

ဆက်စပ် သတင်းများ