Preview

မြေပုံမြို့နယ်တွင် မျှစ်ခူးသူအမျိုးသမီး၃ ဦး ရေနစ်သေဆုံး၊ ၁ ဦးပျောက်ဆုံးနေ

ဇူလိုင် ၁၆/ ၂၀၂၁ | ကြည့်ရှုသူ :10231
မှုခင်း သတင်း

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၁
မြေပုံမြို့နယ် အငူကျေးရွာတွင် ယနေ့ နေ့လယ်က မျှစ်ချိုး၍ ပြန်လာသည့် အမျိုးသမီး ၄ ဦးရေနစ်ပြီး ၃ ဦး၏ အလောင်းကို တွေ့ရှိထားကာ ကျန်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
၎င်းတို့သည် တခြားအမျိုးသမီး ၅ ဦးနှင်အတူ ယနေ့ နံနက်ပိုင်းတွင် ရွာအနီးရှိ ကြက်စွန့်ကျွန်း အဆုံးတွင်ရှိသည့် ရှောက်ဖွေတောင်သို့ ဝါးတုတ် (မျှစ်ခူး) ရန် ခြေကျင်ထွက်သွားခဲ့ပြီး ပြန်လာချိန် နေ့လယ် ၁ နာရီခန့်တွင် ရေနစ်ခြင်းဖြစ်သည်ဟု အငူကျေးရွာဥက္ကဋ္ဌ၏ဇနီးဖြစ်သူ ဒေါ်တင်တင်စိုးက နိရဉ္စရာသတင်းဌာသို့ ပြောသည်။
“သူတို့က ပြန်လာတဲ့ အချိန် ကာရီ (တာ) ဆည်ထားတဲ့ နေရာမှာ ရေနစ်သွားတာ။ သူတို့ သွားတုန်း ဒီရေမတက်သေးဘူးထင်တယ်။ ပြန်လာချိန် ဒီရေတက်နေတဲ့ အချိန်မှာ ကူးတဲ့အခါ ရေနစ်သွားတာပါ” ဟု ပြောသည်။
တွေ့ရှိသည့် အလောင်း၃ လောင်းမှာ အငူကျေးရွာနေ အသက် (၂၂နှစ်) ကျော်ခန့်အရွယ် မပုယေ၊ သူမ၏ ညီမဖြစ်သူ အသက် (၁၉နှစ်)ခန့် အရွယ် အရပ်ခေါ် မလုံးဇောက်နှင့် အသက် (၅၀နှစ်) ကျော် ဒေါ်မစံသင်းတို့ ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။
ဒေါ်မစံသင်း၏ သမီးဖြစ်သူ အသက် (၁၉ နှစ်)ခန့် အရွယ် မတင်တင်နွယ်မှာ ပျောက်ဆုံးနေဆဲဟု သိ၇သည်။
သေဆုံးသူအလောင်း ၃ လောင်းအား နေ့လယ် ၂ နာရီခန့်က ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ပြန်ရှာတွေ့သည့် အလောင်း ၃ လောင်းအား အငူကျေးရွာသချိုင်း၌ ယနေ့ မြေမြုပ်သင်္ဂြိုလ်သွားမည်ဟု ကျေးရွာများထံမှ သိရှိ၇သည်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.