Preview

အမ်းမြို့နယ် ပတ်ကွေ့ချောင်းအတွင်း အမည်မသိ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

စက်တင်ဘာ ၀၂/ ၂၀၂၁ | ကြည့်ရှုသူ :3194
မှုခင်း သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၃၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု၊ ပတ်ကွေ့ကျေးရွာနှင့် ၃ မိုင်အကွာ ပတ်ကွေ့ချောင်းအတွင်း၌ ယနေ့ သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီခန့်က အမည်မသိအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းမှာ အသက်(၃၀) ကျော်အရွယ်အမျိုးသားဖြစ်ပြီး အလောင်းမှာ ပုပ်ပွနေသည့်အတွက် မည်သူဖြစ်သည်ကို မခန့်မှန်းနိုင်ကြောင်း အမ်းတောင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။
“အလောင်းတွေ့တာကမနက်ပိုင်းဆိုပေမဲ့ ကျွန်တော်တို့ရောက်တော့ နေ့လယ် ၁၂ နာရီလောက်ရှိပြီ။ အလောင်းဆယ်ရတာလည်း ရေစီးကကြမ်းတော့ ခက်ခက်ခဲခဲသယ်ရတယ်။ မှောက်လျက်သားပုပ်ပွနေပါပြီ။ အဝတ်မဲ့အလောင်းပါ။ လူတစ်ယောက်ကတော့ ရောက်လာတယ်။ သူ့ညီပျောက်နေတယ်လို့ပြောတယ်။ ဟုတ်မဟုတ်အတည်ပြုလုပ်မရသေးဘူး။ အဲဒီလူဆီကလည်း အချက်အလက်မတောင်းလိုက်၇ဘူး” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်က အလောင်းတွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“အလောင်းကတော့ အခုဆေးရုံရင်ခွဲရုံမှာရှိပါတယ်။ ဘယ်သူ၊ ဘယ်ဝါမသိ၇သေးဘူး။ ချောင်းထဲမှာမျောပါလာတာပေါ့။ အလောင်းက ပုပ်ပွနေတာပေါ့ဗျာ”ဟုပြောသည်။
၄င်းတို့အနေဖြင့် သေဆုံးသူနှင့်ပတ်သက်၍ မည်သူဖြစ်သူကို စုံစမ်းနေဆဲဖြစ်ပြီး သေမှု၊ သေခင်းအရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိ၇သည်။
Photo- စွမ်းအား


#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.