Preview

မောင်တောတွင် ကျပ်သိန်း ၂၀၀ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စက်တင်ဘာ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :5337
မှုခင်း သတင်း

မင်းအဂ္ဂ
စစ်တွေ၊ စက်တင်ဘာ ၇ / ၂၀၂၁
၇ခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၀၀ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိ၇သည်။
ဖမ်းဆီးရမိခဲ့သည့်ဆေးပြားများအရေအတွက်မှာ ၉၇၅၀ ပြားရှိပြီး ကာလပေါက်ဈေး ၁၉၅ သိန်းရှိသည်ဟုလည်း မူးယစ်အထူးတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းဆေးပြားများကို စက်တင်ဘာလ ၅ ရက် ည ၆ နာရီခွဲတွင် မောင်တောမြို့၊ (၄)မိုင်ကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီး၊ ကျီးကန်းပြင်သွားလမ်းတွင် လမ်းလျှောက်လာသူ ဒေါ်နုနု(ခ)ချေချေ (၃၃ နှစ်)နှင့် မောင်လှသိန်း (၄၁ နှစ်)တို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ ဒေါ်နုနု(ခ)ချေချေ လွယ်ထားသော လက်ကိုင်အိတ်အတွင်းမှ တွေ့ရှိသိမ်းဆည်း၇မိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်ဟုလည်း သိ၇သည်။
မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်ကလည်း ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ WY ဆေးပြားများနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များကို NISSAN ၈ ဘီး ဆီဘောက်ဆာယာဉ်ဖြင့် မန္တလေးမှ မောင်တောမြို့နယ် တောင်ပြိုသို့ပို့ဆောင်လာစဉ် ဖမ်းမိခဲ့သည်ဟု သိ၇သည်။
Photo - CCDAC Myanmar

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.