English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
ပုဏ္ဏားကျွန်းမြို့ သင်းပုန်းတန်းကျေးရွာအနီး ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားအလောင်းပြန်တွေ့
စက်တင်ဘာ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :7785
မှုခင်း သတင်း
သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျေးရွာအနီး တောဖျားချောင်းတွင် ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားအလောင်းအား မနေ့က ပြန်ရှာတွေ့ကြောင်း သတင်းရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာ သက်ကယ်ပြင်ရပ်ကွက်မှ အသက် (၃၉ နှစ်)အရွယ် ဦးမောင်ပုသည် လွန်ခဲ့သည့် (စင်တင်ဘာလ ၅ ရက်) နံနက် ၁၀ နာရီခန့်က ကျေးရွာအနီး တောဖျားချောင်းတွင် ငါးပိုက်ဖော်ရန် တစ်ဦးတည်းသွားချိန်၌ ဝက်ရူးပြန်ရောဂါဖောက်လာသဖြင့် လောင်းလှေပေါ်မှလိမ့်ကျကာ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သူ၏ အလောင်းအား ယမန်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် တောဖျားချောင်းမြစ်၀၌ တွေ့ရှိခြင်းဖြစ်ကြောင်း သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးလှက နိရဥ္စရာကို ပြောသည်။
“သူကို တောဖျားချောင်းမြစ်၀မှာ အလောင်းပေါ်ပြီးတော့ တွေ့တာပါ။ လှေအစီး ၂၀ လောက်နဲ့ ရှာမှာတွေ့တာပါ”ဟု ပြောသည်။
သေဆုံးသွားသူတွင် ဇနီးနှင့်အတူ ၁၀ တန်းနှင့် ၇ တန်းကျောင်းသူ သမီးနှစ်ဦးကျန်နေခဲ့သည်။
ယခုအခင်းဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ကျေးရွာအနီးရှိ ကန်ပူးကျေးရွာ၌လည်း အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က တောဖျားချောင်းတွင် မျှစ်ခူးပြီး အိမ်ပြန်လာစဉ် ဟွန်ဒါစက်လှေ နစ်မြုပ်၍ သေဆုံးမှုဖြစ်ပေါ်ခဲ့သေးသည်။
#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.