English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
မင်းပြားတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တားနေသည့်ကြားကအမည်မသိလူတစ်ဦး ကြိုးဆွဲချသေဆုံး
စက်တင်ဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :5422
မှုခင်း သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တားနေသည့်ကြားထဲက အမည်မသိလူတစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိသည်။
ကြိုးဆွဲချသေဆုံးသွားသူမှာ အသက်(၂၅) နှစ်အရွယ်ခန့်ရှိသည့် အမည်မသိအမျိုးသားတစ်ဦးဖြစ်သည်။
သူသည် မင်းပြားမြို့ ပြည်တော်သာရပ်ကွက်၊ ဦးသာထွန်းမောင်၏နေအိမ်ရှေ့ရှိ ဗာဒံပင်တွင် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီခန့်က ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု သိ၇သည်။
သူကြိုးဆွဲချမသေဆုံးမီ ယနေ့ အရုဏ်ချိန် နံနက် ၄ နာရီခန့်က မင်းပြားမြို့ မြစ်ကမ်းနားဘက်မှ တက်လာပြီး ဦးသာထွန်းမောင်၏ အိမ်ရှေ့ဗာဒံပင်ပေါ်သို့ တက်ရောက်သွားသည်ဟု ရပ်ကွက်က လာရောက်သတင်းပေးလာသဖြင့် သွားရောက် ဖျောင်းဖျပြောဆိုပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်ဟု ပြည်တော်သာအုပ်ချုပ်ရေးမှူး ဦးမောင်ဘုချေက နိရဥ္စရာအားပြောသည်။ သို့ရာတွင် တားမရဘဲ လူအများရှေ့တွင်ပင် ဝတ်လာသည့် အကျႌကိုချွတ်၍ ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဦးလေးရောက်သွားပြီး ကောင်လေး မင်းဘာဖြစ်လာလဲ ဦးလေးကိုပြော။ ဦးလေးက ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးပဲ။ အားလုံးကူညီပေးမယ်။ လက်ဖက်ရည်ဆိုင်သွားကြမယ်လာဆိုပြီး အောက်က ချော့မော့ပြောတယ်။ ရဲသား နှစ်ယောက်လည်း ရောက်ပြီး အောက်က ဆင်းလာဖို့ပြောနေရင်း သူဝတ်လာတဲ့အကျႌနဲ့ ကြိုးဆွဲချလိုက်တာပဲ။” ဟုပြောသည်။
၄င်းအမျိုးသားမှာ ဗာဒံပင်၌ အမြင့်ပေ ၂၀ ခန့်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး ဘာကိုမျှ မေးမြန်း၍ မ၇ခဲ့ကြောင်း သူက ဆက်ပြောသည်။
လက်ရှိတွင် အလောင်းမှာ မည်သူဖြစ်သည်ကို မသိရှိရသေးဘဲ မင်းပြားဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိ၇သည်။
Photo Crd- နိရိဥ္စရာဖိုးဖိုး
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.