Preview

စစ်တွေပွိုင့်ကမ်းခြေသွားလမ်းကမ်းစပ်တွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

စက်တင်ဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :2893
မှုခင်း သတင်း


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံလမ်းဆုံအနီး ပွိုင့်ကမ်းခြေသွားလမ်း သောင်စပ်၊ ဒီရေတောခြုံပုတ်ထဲတွင် အမည်မသိအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းမှာ အသက်(၃၀) ကျော်အရွယ်ခန့်ရှိပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသည်မှာ ရက်အနည်းငယ်ခန့်ရှိပြီဟု ခန့်မှန်းရကြောင်း စစ်တွေမြို့မှ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဒု-ဥက္ကဋ္ဌ ကိုမင်းသာဂီက နိရဥ္စရာအား ပြောသည်။
“အလောင်းက အနံ့ထွက်နေပါပြီ။ အရုပ်ကပျက်နေလို့ ဘယ်သူဘယ်ဝါမသိရသေးပါဘူး။ အလောင်းတွေ့တယ်လို့ လမ်းသွားလမ်းလာတွေသတင်းပို့လာလို့သိရတာပါ။ ကျွန်တော်တို့ရောက်ပြီး ခဏနေတော့ ရဲနဲ့ နာရေးကူညီမှုအသင်းကရောက်လာပြီး အခုဆေးရုံရင်ခွဲရုံကိုပို့ထားပါတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းမှူးအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၄င်းမှာ ဆေးရုံရင်ခွဲရုံသို့ ရောက်နေသဖြင့် တစ်စုံတစ်ရာဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။
Photo - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.