Preview

မောင်တောတွင် စက်လှေတစ်စီးနှင့်အတူ တရားမဝင်သစ် ၁၂ တန်ဖမ်းဆီးရမိ

စက်တင်ဘာ ၁၈/ ၂၀၂၁ | ကြည့်ရှုသူ :3163
မှုခင်း သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊စက်တင်ဘာ ၁၇/၂၀၂၁

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် စက်လှေတစ်စီးနှင့် တရားမဝင်သစ် ၁၂ တန်ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိ၇သည်။

ကညင်သစ်ဘေတုံးဆိုဒ်စုံ ၁၂ တန်တင်ဆောင်လာသည့် အဆိုပါစက်လှေကို မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်၊ မောင်တောမြို့နယ်မှိုဝင်ကျေးရွာ၏ အနောက်တောင်ဘက်ရှိ တုံးချောင်း၀အနီး၌ လုံခြုံရေးဆောင်ရွက်နေသည့်ရေတပ်က စက်တင်ဘာ ၁၆ ရက် ည ၉ နာရီခန့်တွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၇ခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဇော်ဇော်ကနိရဥ္စရာအားပြောသည်။

ကြေးနန်းမှာတော့သစ်မှောင်ခိုလှေတစ်စီးတဲ့။ ဖမ်းဆီး၇မိတာ ၁၂ တန်တဲ့။ ကညင်ခွဲသားဆိုဒ်စုံတွေလို့သိရတယ်။ဖမ်းမိတဲ့သစ်တွေရဲ့ကာလတန်ဖိုးကတော့ တစ်နေရာနဲ့ တစ်နေရာမတူတဲ့အတွက် အဲဒီကကာလတန်ဖိုးမသိနိုင်ဘူးဟုပြောသည်။

အဆိုပါစက်လှေသည်ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားစဉ်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုသတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍ မ၇ခဲ့ပေ။

အဆိုပါစက်လှေကိုဖမ်းဆီးရာတွင်စက်လှေပေါ်ပါလာသူများမှာ ရေထဲသို့ ခုန်ဆင်းလွတ်မြောက်သွားခဲ့ကြသည်ဟု သိ၇သည်။

လက်ရှိတွင်ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ သစ်များအား မောင်တောမြို့နယ်ပြင်ဖြူနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားပြီး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိ၇သည်။

၇ခိုင်တွင်လွန်ခဲ့သည့် ၂၀၁၈ ခုနစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၃ နှစ်တာကာလအတွင်းတရားမဝင်သစ်တန်ချိန်ပေါင်း ၅၉၇၈.၆၁၁၆ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်းရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိ၇သည်။

ဓာတ်ပုံ- ၇ခိုင်ပြည်နယ်နေ့စဉ်

 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.