အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

စစ်တွေကမ်းနားလမ်းတွင် ဓားထိုးခံရ၍ လူငယ် ၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၁၈ / ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကမ်းနားလမ်းတွင် ယမန်နေ့က ဓားထိုးခံခဲ့ရသည့်အတွက် လူငယ် ၁ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောအမျိုးသားမှာ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်မှ အသက် ၂ဝ အရွယ် မောင်သန်းဝင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့ညနေ ၄ နာရီခန့်တွင် ဓားထိုးခံခဲ့ရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
“ဘယ်သူထိုးသွားမှန်းလဲမသိဘူး။ သူ့သူငယ်ချင်း ၂ ယောက် ဆိုင်ကယ်စီးလာတော့ လမ်းပေါ်မှာ လူတစ်ယောက်တွေ့တယ်ဆိုပြီးဆင်းကြည့်လိုက်တာ အနားရောက်မှ သူ့သူငယ်ချင်းဖြစ်နေတယ်လို့ပြောတယ်။”ဟု အလောင်းအားသွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒု-ဥက္ကဋ္ဌ ကိုသာဂီလင်းက နိရဥ္စရာကို ပြောသည်။
သေဆုံးသောသူတွင် ဘယ်ဘက်ပေါင်၌ ဓားဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး စစ်တွေဆေးရုံသို့အရောက်တွင် သွေးထွက်လွန်၍ သေဆုံးသွားကြောင်း သိရသည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ