English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
ပုဏ္ဏားကျွန်းရှိ ကင်းချောင်းဆိပ်ခံတံတားအောက်၌ လူသေအလောင်းတွေ့
စက်တင်ဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :400
မှုခင်း သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်၊ ကင်းချောင်းအတွင်း သင်္ဘောဆိပ်ခံတံတားအောက်၌ ယနေ့ နံနက် ၆ နာရီခန့်က လူသေအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။
အဆိုပါလူသေအလောင်းမှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးကျော်သန်း(၅၈)နှစ်ဖြစ်ကြောင်း အလောင်းအား ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပုဏ္ဏားကျွန်းမြို့ခံ ဦးမောင်ယဉ်က နိရဥ္စရာအားပြောသည်။
“အလောင်းကတော့ ဒဏ်ရာတွေဘာတွေတော့မမြင်မိဘူး။ မပုပ်သေးပါဘူး။ သေတာမကြာသေးပုံပါပဲ။ ရဲစခန်းကလာကြည့်တာမတွေ့သေးဘူး” ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးခင်မောင်ဝင်းက သေဆုံးသူမှာ အရက်အလွန်အကျွံ သောက်သုံးသူဖြစ်ပြီး လက်ရှိတွင် အလောင်းအား နာရေးကူညီမှုအသင်းနှင့်မိသားစုဝင်များက တင်ယူသွားကြောင်း ပြောသည်။
“သင်္ဂြိုလ်ဖို့လုပ်ဆောင်ဖို့ယူသွားကြပြီလို့သိရတယ်။ အလောင်းမှာတော့ ဒဏ်ရာဒဏ်ချက်တွေလည်း မတွေ့၇ဘူး။ နှာခေါင်းက သွေးတော့နည်းနည်းထွက်နေတယ်။” ဟုပြောသည်။
ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်ကျော်စိုးလွင်က အဆိုပါကိစ္စမှာဟုတ်မှန်သော်လည်း အမှုဖွင့်ဆောင်ရွက်ထားခြင်းမရှိကြောင်း ပြောသည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.