English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၃ရက်၊ ၂၀၂၅
လှူရန်
Preview
မင်းပြားမြို့တွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
အောက်တိုဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :1324
မှုခင်း သတင်း
နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၁၁ /၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမူးယစ်ဆေးဝါးများကို ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်နေ ဦးဝင်းနိုင်(၄၀ နှစ်)၏နေအိမ်အား ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မင်းလွင်က ပြောသည်။
“ဖမ်းဆီးရမိတာမှန်ပါတယ်။ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းတာပါ” ဟုပြောသည်။
ဖမ်းမိရာတွင် ကာလတန်ဖိုး ၂,၀၂၂,၀၀၀ ကျပ်ခန့်ရှိသည့် WY စာတန်းပါ ပန်းရောင်နှင့် လိမ္မော်ရောင်စိတ်ကြွဆေးပြား ၁၀၁၁ ပြားနှင့် မူးယစ်ဆေးဝါးရောင်း၇ငွေ ၄၀၇,၀၀၀ ကျပ်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ကော်ပိုက် ၇၂ ချောင်း၊ ပြုပြင်ထားသည့် ဘတ်စ်မီးခြစ် ၃၀ လုံး၊ အချိုရည်ဘူးနှင့် ကော်ပိုက်တပ်ဆင်ထားသည့် ဘူး ၁၆ ဘူး၊ ကပ်ကြေးဖြင့်ညှပ်ထားသော ခဲစက္ကူများ ဖမ်းဆီးရမိခဲ့သည်ဟုလည်း သိ၇သည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိခဲ့သူအား အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိ၇သည်။
ဓာတ်ပုံ - ၇ခိုင်နေ့စဉ်
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.