တောင်ကုတ်တွင် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး


သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၁/ ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောသူမှာ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာအပိုင်မှ မောင်ချစ်အေး (၁၆ နှစ်)ဖြစ်ပြီး ဦးထွန်းကျော်နှင့်ဒေါ်မတုတ်တို့၏သားဖြစ်ကြောင်း သိရသည်။
သူသည် အောက်တိုဘာလ ၉ ရက် ညနေက နေအိမ်မှပျောက်ဆုံးသွားပြီး မိဘများကလိုက်လံရှာဖွေရာ ယနေ့ အောက်တိုဘာ ၁၁ နေ့လယ် ၂ နာရီတွင် သိမ်တောင်ရပ်ကွက်နှင့် ၃ ဖာလုံအကွာတွင်ရှိသော တောင်ပေါ်ရှိ သီဟိုဠ်ပင်၌ ကြိုးဆွဲချသေဆုံးလျက်တွေ့ရှိခဲ့ရသည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။
“‌ပျောက်သွားတာ ၂ ရက်လောက်ရှိပြီ။သူ့ကို ဒီနေ့မှ သေဆုံးလျက်တွေ့တယ်။ ပြင်ပထိခိုက်ထားတဲ့ဒဏ်ရာတွေလည်းမရှိဘူး။ ကလေးက ကျပ်လည်းသိပ်မပြည့်ဘူးလို့ မိဘတွေက ပြောတယ်”ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသွားသူ၏ရုပ်အလောင်းအား တောင်ကုတ်ဆေးရုံမှတဆင့်ယူဆောင်သွားပြီး ယနေ့ညနေတွင် သင်္ဂြိုလ်မည်ဟု သိရသည်။

Share: