English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
သံတွဲ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတွင် ရေအနက်ပေဆင်းတိုင်းသည့် နေ့စားဝန်ထမ်း ၁ ဦး ရေနစ်သေဆုံး
အောက်တိုဘာ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :10218
မှုခင်း သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၁/ ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတွင် ရေအနက်ပေဆင်းတိုင်းသည့် နေ့စားဝန်ထမ်းအမျိုးသား ၁ ဦးရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောသူမှာ သံတွဲမြို့နယ် ရွှေလှေကျေးရွာမှ ဦးချစ်စမ်းမောင် (၃၅ နှစ်)ဖြစ်သည်။
သူသည် အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီတွင် အခြားနေ့စားဝန်ထမ်း ၁ ဦးနှင့်အတူ ချောင်းအတွင်းသို့ ရေအနက်ပေအားဆင်းတိုင်းနေစဉ် ရေလွှဲပေါက်မှ ရေစီးအားပြင်းထန်မှုကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
သံတွဲဆေးရုံအုပ် ဒေါက်တာ ရဲဝင်းထွန်းက “အလောင်းကတော့ ၉ ရက်နေ့ နေ့ခင်း ၃ နာရီကျော်လောက်မှာ ဆေးရုံကိုရောက်တာပါ။ သူက နေ့စားဝန်ထမ်းလို့တော ပြောသံကြားမိပါတယ်”ဟု ပြောသည်။
၎င်း၏ရုပ်အလောင်းအား အောက်တိုဘာလ ၉ ရက် နေ့လယ် ၂ နာရီခန့်တွင် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအတွက် အသုံးပြုထားသော ရေနုတ်မြောင်းအနီး၌ တွေ့ရှိခဲ့ကြောင်း သိ၇သည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.