သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 404

ချစ်အိလှိုင်၊ မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်တွင် ယနေ့နံနက်က ကို်ယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ဒေါ်ဇာနီသန်း(၂၇ နှစ်)ဖြစ်ပြီး ကိုယ်ဝန် (၂)လလွယ်ထားရသူဖြစ်သည်။
သူမသည် အမျိုးသားဖြစ်သူ ကိုအောင်မြတ်နှင့် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်တွင် အတူနေထိုင်ပြီး မိဘများနေထိုင်သည့် ကသဲရပ်ကွက်ရှိနေအိမ်သို့ ရောက်ရှိနေချိန် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု သူမ၏အမျိုးသား ကိုအောင်မြတ်က နိရဥ္စရာအားပြောသည်။
“ဘာပြဿနာမှလည်း မရှိပါဘူး။ ကျွန်တော်အလုပ်ကနေပြီး သတင်းရလို့လိုက်လာတော့ သေသွားပါပြီတဲ့။ ကျွန်တော့်ဘဝက အမှောင်ကျသွားပါပြီ။ ဘာလုပ်လို့ရပါတော့မလဲဗျာ” ဟု ပြောသည်။
သေဆုံးသွားသူသည် မိဘများနေအိမ် အပေါ်ထပ်အခန်းတစ်ခန်းအတွင်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်ပြီး မိခင်ဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကသဲရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွန်းသာစိန်ကလည်း အဆိုပါအမျိုးသမီးမှာ ကိုယ်ဝန်ဆောင်ဖြစ်သည်ဟု ကြားသိရပြီး မည်သည့်ကိစ္စအတွက်ကြောင့် ကြိုးဆွဲချသေဆုံးခဲ့သည်ကို မသိရှိရကြောင်းပြောသည်။
သေဆုံးသူသည် လွန်ခဲ့သည့်ရက်ပိုင်းက နေမကောင်းဟုဆိုကာ တမိုင်မိုင်ဖြစ်နေပြီး မိသားစုနှင့် တစ်စုံတစ်ရာ ပြဿနာမရှိခဲ့ကြောင်း အမျိုးသားဖြစ်သူက ပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ သိမ်တောင်ရပ်ကွက်တွင် ၁၆ နှစ်အရွယ်လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် ည ၇ နာရီခွဲခန့်ကလည်း စစ်တွေမြို့ ကုန်တန်းရပ်ကွက် အကွက်(၃)တွင်နေထိုင်သည့် ဟိန္ဒူအမျိုးသား ဦးဘဒေါင်း (၄၇ နှစ်)သည်လည်း ၎င်း၏နေအိမ်တွင် ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ စစ်ဘေးရှောင်များခိုလှုံနေသော ရန်အောင်မြေကျောင်းတိုက်၌ သက်တော် (၃၂ နှစ်)အရွယ် ကိုယ်ရင်ကြီးတစ်ပါး ကြိုဆွဲချသေဆုံးသွားကြာင်းလည်း သိရသည်။

ဆက်စပ် သတင်းများ