English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
၇ခိုင် မြို့နယ် ၂ ခုတွင် မိုးကြိုးပစ်ခံ၇၍ လူ ၂ ဦးသေဆုံး
အောက်တိုဘာ ၂၃/ ၂၀၂၁ | ကြည့်ရှုသူ :632
မှုခင်း သတင်း
နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၁
၇ခိုင်မှ မြို့နယ် ၂ ခုဖြစ်သော မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ယနေ့ မိုးကြိုးပစ်ခံ၇၍ လူ ၂ ဦးသေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူ ၂ ဦးမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ် ရွာမရပ်ကွက်မှ ဦးကျော်မြ (၅၃ နှစ်)နှင့် ဘူးသီးတောင်မြို့နယ် ဒပြုချောင်းကျေးရွာမှ မူဆလင်အမျိုးသား ဦးမာမတ်ရော်ဟိန်း (၂၈ နှစ်) ဖြစ်သည်။
ဦးကျော်မြသည် ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီခန့်က သူ့၏လယ်ကိုသွားစဉ်တွင် မိုးကြိုးပစ်ခံ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း လက်ကောက်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ပြောသည်။
“အဝတ်အစားတွေနဲ့ ခန္ဓာတွေလည်း မီးလောင်သွားသလို မဲသွားတယ်။ ခေါင်းနဲ့ ရင်ဘတ်မှာ မီးလောင်ဒဏ်ရာနဲ့ သွေးနည်းနည်းစိုလို့တွေ့တယ်။ မျက်နှာလည်း မဲသွားတယ်” ဟုပြောသည်။
အလားတူ ဦးမာမတ်ရော်ဟိန်းသည် ယနေ့ နံနက် ၈ နာရီခွဲခန့်က ရွာပြင်ရှိ လယ်ကွင်းတွင် ငါးရှာသွားစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း ဒပြုချောင်းကျေးရွာ တာဝန်ခံ ဦးနုရ်အီစ္စလာမ်က နိရဥ္စရာ သတင်းဌာနကိုပြောသည်။
“ဒဏ်ရာက နားကသွေးယိုနေတယ်၊ ပြီးတော့ ညာဖက်ဗိုက်က နည်းနည်းပဲ့သွားတယ်၊ ဝမ်းဗိုက်မှာတော့ မဲနေတယ်” ဟုပြောသည်။
၎င်းအပြင် ယနေ့နံနက်က မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ကျေးရွာမှ ရွာသားအချို့လည်း ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း သိ၇သည်။
၇ခိုင်တွင် ယခုလ အောက်တိုဘာလ ၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးကြိုးပစ်ခံ၇၍ သေဆုံးသူ ၈ ဦးအထိရှိသွားပြီဖြစ်သည်။
ပြည်သူများအနေဖြင့် လျှပ်စီးလက်နေချိန်တွင် တီဗွီဖွင့်ခြင်း၊ အင်တာနက်သုံးခြင်းများ၊ ဝိုင်ဖိုင်စက်များဖွင့်ထားခြင်း၊ ဖုန်းပြောခြင်းများ၊ လယ်ယာစိုက်ခင်းနှင့် ကွင်းပြင်နေရာများသို့ သွားလာခြင်းများကို အထူးသတိထားရန်လိုအပ်ကြောင်း ၇ခိုင်ပြည်နယ်မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။
#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.