Preview

ကျောက်တော်မြိုနယ် စစ်ဘေးရှောင်စခန်းတစ်ခုမှ (၁၂)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်သူ ဖမ်းဆီးခံရ

အောက်တိုဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :4886
မှုခင်း သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ အောက်တိုဘာ၂၇/ ၂၀၂၁

ကျောက်တော်မြို့နယ်၊ဝါးတောင်စစ်ဘေးရှောင်စန်းမှ အသက်(၁၂)နှစ်အရွယ် မြိုတိုင်းရင်းသူ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်သူတစ်ဦး ယမန်နေ့က ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံသူမှာ အသက် ၃၂ နှစ်အရွယ် ဆိုင်ကယ်ဖြင့် ခရီးသွားသူတစ်ဦးဖြစ်သည်။ ၎င်းသည် ဝါးတောင် စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေသည့် ၎င်းမိန်းခလေးငယ်အား လမ်းပြရန် အကူအညီ တောင်းပြီး  လိုက်ပို့ရာမှ ဆိုင်ကယ်ဖြင့် တင်ယူကာ ကျောက်တော်မြို့ကံစောက်တောင်ပေါ်တစ်နေရာတွင်အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ကိုဝင်းမောင်က နိရဥ္စရာအား ပြောသည်။

သူ့မောင်လေးနဲ့ချောင်းမှာရေချိုးဖို့ထွက်သွားတာ။ မောင်လေးက ရှေ့ကအရင်သွားတော့ သူမကို လမ်းမှာ အဲဒီလူကလမ်းပြပေးဖို့ခေါ်တယ်လို့ပြောတယ်။ ပြီးတော့ ဆိုင်ကယ်ပေါ်တင်ပြီးပါးစပ်ပိတ်ထားတယ်တဲ့။ တောင်ပေါ်ရောက်တော့ ဆိုင်ကယ်ရပ်ပြီးမတရားပြုကျင့်ဖို့လုပ်တယ်လို့ ပြောပါတယ်ဟုပြောသည်။

အဆိုပါအမျိုးသမီးငယ်၏ ပါးနှစ်ဖက်တွင်ရိုက်နှက်ခံထားရသည့် ဒဏ်ရာများနှင့် အတူ အဝတ်အစားများ စုတ်ပြဲနေသော်လည်းသူမမှာ အဓမ္မပြုကျင့်ခံခဲ့၇ခြင်းမရှိဟု ၎င်းက ပြောသည်။

လမ်းကဖြတ်သွားတဲ့ကားနှစ်စီးက ကလေးကို အဲဒီလူလိုက်ဆွဲနေတာတွေ့လို့ ကားရပ်ပြီး ကြည့်တော့ ကလေးကကားသမားဆီပြေးပြီးအကူအညီတောင်းတယ်လို့ဆိုတယ်။ အဲဒီလူကသူ့ညီမလေးပါလို့ပြောသေးတယ်တဲ့။ကောင်မလေးက အဲဒီလူကို မသိတဲ့အကြောင်း ၇ခိုင်စကားမပီတပီနဲ့ပြောလို့နောက်ဆုံး မြတ်လှဲကားဂိတ်ကို နှစ်ယောက်လုံးကို ခေါ်ပြီးအပ်ထားခဲ့တာပါ။ ကောင်မလေးနဲ့ သူ့မိဘတွေ ဒီနေ့မနက် AA ဆီမှာအမှုဖြေရှင်းဖို့သွားကြပါတယ်ဟုပြောသည်။

အဆိုပါ အခင်းမှာ  ယမန်နေ့အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ရွှေဘုကအဆိုပါကိစ္စမှာဟုတ်မှန်ပြီး အမျိုးသမီးငယ်မှာ စတုတ္ထတန်းနေသည့်ကျောင်းသူ တစ်ဦးဖြစ်ကြောင်း၊   ပြစ်မှုကျူးလွန်ရန် ကြံစည်သူအား လက်ရှိ တွင် ရက္ခိုင့်တပ်တော်(AA)မှ ထိန်းသိမ်းထားပြီး အမှုဖြေရှင်းနေကြကြောင်း ပြောကြား သည်။

 

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.