Preview

ရခိုင်တွင် တစ်ရက်အတွင်း ယာဉ်မတော်တဆ ၂ ခုဖြစ်ပြီး လူ ၄ဦးသေဆုံး

အောက်တိုဘာ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :3931
မှုခင်း သတင်း

ချစ်အိလှိုင်၊သဥ္ဇာနွယ်

နိရဥ္စရာ၊အောက်တိုဘာ ၃၀ / ၂၀၂၁

၇ခိုင်ပြည်နယ်တွင် အောက်တိုဘာ၂၉ ရက်တစ်နေ့တည်းအတွင်း မြို့နယ်၂ ခု ယာဉ်မတော်တဆမှု ၂ခုဖြစ်ပြီး လူ ၄ဦး သေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသွားသောသူများမှာမြောက်ဦးမြို့နယ်တွင် ၂ ဦးနှင့်ဂွမြို့နယ်တွင် ၂ ဦးတို့ ဖြစ်ကြသည်။

မြောက်ဦးမြို့နယ်တွင် သေဆုံးသူ ၂ ဦးမှာ ကျောက်ဆည်ပြင်ရွာမှ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ဦး ဖြစ်ကြကြီး  ဂွမြို့နယ်တွင် သေဆုံးသူ နှစ်ဦးမှာ ဖယ်ခုံဝန်ကျေး၇ွာက အသက်၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဝါးရုံးကွင်းကျေးရွာမှ ကားဒရိုင်ဘာတစ်ဦးတို့ ဖြစ်ကြသည်။  

မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ အောက်တိုဘာ ၂၉ ရက် နံနက်၁၁နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကားလမ်းပေါ်တွင်ကျောက်ဆည်ပြင်ကျေးရွာမှ  မောင်းနှင်လာသော ဆိုင်ကယ်နှင့် တက်စီတစ်စီးတို့ တိုက်မိပြီးဆိုင်ကယ် မောင်းလာသူ နှစ်ဦးမှာ အခင်းဖြစ်သောနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုကျောက်ဆည်ပြင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်းက နိရဥ္စရာကိုပြောသည်။

ကားနဲ့ဆိုင်ကယ်တိုက်ပြီးအဲ့နေရာမှာပဲ ဆုံးသွားတာ။ အလောင်းတွေကိုဆေးရုံမပို့ပဲ ၇ွာကိုတစ်ခါထဲ သယ်ဆောင်လာတယ်ဟုပြောသည်။

ဂွမြို့နယ် ဖြစ်စဉ်မှာ ောက်တိုဘာ ၂၉ ရက် ၉နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ စီးလာသည့်

ကားမှာ ဂွမြို့နယ်ချောင်းသာကြီး ကျေးရွာအနီး တောင်ကြောပေါ်မှ ချောက်ထဲကျတိမ်းမှောက်သွားခဲ့သည်ဟုဆိုသည်။

ခင်းဖြစ်သောနေရာတွင်ပွဲချင်းပြီးသေဆုံးသွားသည်ဟု မျက်မြင်တစ်ဦးဖြစ်သူ ဦးကျော်မြင့်မောင်က ပြောသည်။

နာမည်တွေတော့မသိဘူး။ကားကဆန်အိတ်တွေတင်လာတယ်။လူက လေးငါးယောက်ဘဲ ပါတယ်။ချောက်ထဲနောက်ပြန်ကျသွားတာလို့သိ၇တယ်ဟု ၎င်းက ပြောသည်။

ဒဏ်ရာ၇သူများကို ဂွဆေးရုံသို့ပို့ဆောင်ပေးခဲ့၇ပြီးခြေထောက်ကျိုးသူ တစ်ဦးအားညတွင်းချင်း သံတွဲဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟုသိ၇သည်။

အောက်တိုဘာ၁၈  ရက်နေ့တွင်လည်း မောင်တောမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီးလူငယ် ၂ဦးပွဲချင်းပြီးသေဆုံးသွားကြောင်းသိ၇သည်။

 

(ဂွမြို့နယ်တွင် တိမ်းမှောက်သွားသည့်ကားကို ကူညီကယ်ဆယ်ရေး ပြုလုပ်နေကြစဉ်/photo- MinBa Maw)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.