English Edition
တနင်္လာနေ့၊ ဇူလိုင်လ ၀၇ရက်၊ ၂၀၂၅
လှူရန်
Preview
၇ခိုင်သို့လာသည့်ကုန်ကားတစ်စီး အမ်းတွင်တိမ်းမှောက်၍ အမျိုးသား ၂ ဦးပွဲချင်းပြီးသေဆုံး
နိုဝင်ဘာ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :3021
မှုခင်း သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၅ / ၂၀၂၁
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အမ်း-မင်းဘူးကားလမ်းမကြီးတွင် ကုန်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။
အဆိုပါကားမှာ ယနေ့နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က အမ်းမြို့နယ်၊ တောင်စောက်ကျေးရွာအနီး တောင်းစောင်ပေါ်မှ လိမ့်ကျကာ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု သိ၇သည်။
ယင်းဖြစ်စဉ်ကြောင့် ကားပေါ်တွင်ပါလာသော ဒရိုင်ဘာနှင့် စပယ်ယာ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားပြီး ကားတစ်စီးလုံးလည်း ပြိုပျက်သွားခဲ့သည်ဟု အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် တောင်စောက်ကျေးရွာ ရာအိမ်မှူး ဦးမောင်ကံက နိရဥ္စရာကို ပြောသည်။
“ကားက ဘာဖြစ်လို့ပြုတ်ကျသွားလဲတော့ မမြင်လိုက်ဘူး။ ကားလမ်းအကွေ့တွေကနေ အောက်ကိုပြုတ်ကျသွားတာထင်တယ်”ဟု ပြောသည်။
သေဆုံးသွားသူများမှာ မင်းဘူးမြို့မှ ယာဉ်မောင်း ဦးစိုးမြင့်သူ (၄၃ နှစ်)နှင့် ယာဉ်နောက်လိုက် ကိုနေဝင်းမောင် (၂၇ နှစ်)တို့ဖြစ်ပြီး လက်ရှိတွင် အမ်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိ၇သည်။
တိမ်းမှောက်သွားသည့်ကားပေါ်တွင် ကုန်ပစ္စည်းများဖြင့် မုန့်အမျိုးမျိုး၊ ဗလာစာအုပ်များနှင့် အိမ်ဆောက်ပစ္စည်းများပါဝင်ပြီး မင်းဘူးဘက်မှ ရခိုင်ဘက်သို့မောင်းနှင်လာစဉ် ယခုကဲ့သို့ တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။
နိုဝင်ဘာလ ၂ ရက်ကလည်း အမ်းမြို့နယ်၊ ရွာသာယာကျေးရွာအနီးတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားကြောင်း သိ၇သည်။
အမ်းတောင်တန်းရှိ ကားလမ်းသည် လွန်စွာအန္တရာယ်များပြီး လမ်းများမှာ မကောင်းသောကြောင့် ယာဉ်မောင်းသူများအနေဖြင့် မပေါ့ဆရန်လိုအပ်ကြောင်း ဦးမောင်ကံက ဆက်ပြောသည်။
#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.