သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ၁၄/၂၀၂၁
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ကန်စောက်တောင်အတက်တွင်မင်းပြားမြို့နယ်၊ မေလွမ်းရွာမှ ဘုရားဖူးယာဥ်တိမ်းမှောက်၍ နှစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်းသတင်းရရှိသည်။
သေဆုံးသွားသောသူမှာ မေလွမ်းရွာမှ အသက် ၆၅ အရွယ်အမျိုးသမီး ၂ဦးဖြစ်ကြပြီး ပြင်းထန်ဒဏ်ရာရရှိသူမှာ အသက်ရနှစ်အရွယ်ယောကျာ်းလေးတစ်ဦးနှင့်အသက် ၃၈နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ကြောင်းသိ၇သည်။
ဒဏ်ရာ၇သူ ကလေးငယ်မှာ ပေါင်ကျိုးသွားပြီး၊ အမျိုးသမီးမှာနံရိုးကျိုးသွားကြောင်းသိ၇သည်။
အဆိုပါ ဘုရားဖူးကားသည် မင်း ပြားမြို့နယ်၊ မေလွမ်းရွာမှ ပုဏ္ဏားကျွန်းသို့ ဘုရားဖူး၍ အပြန် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က ကျောက်တော်မြို့ နယ် ကန်စောက်တောင်သို့အတက်တွင် ကားဘရိတ် မနိုင်၍ အောက်သို့ထိုးကျ တိမ်းမှောက်သွားသည်ဟုသာရေး၊ နာရေးကူညီမှု လုပ်ဆောင်နေသူ ကျောက်တော်မြို့က ဦးဘသိန်းက ပြောသည်။
"ကားဘရိတ်မနိုင်လို့ချော်ကျတာထင်တယ်။ တောင်အတက်မှာ ကားက မတက်နိုင်ဘဲအောက်ကိုလိမ့်ကျသွားတာ၊ လူက နှစ်ယောက်သေတယ် "ဟုပြောသည်။
ကားပေါ်တွင် ကားဒရိုင်ဘာအပါအဝင်ဘုရားဖူး ၁ရဦးပါရှိပြီးပွန်းပဲ့ထိခိုက်ဒဏ်ရာ၇သူ ၁၀ခန့် ရှိသည်ဟု ကျောက်တော်မြို့နယ်ဖြူစင်ပ၇ဟိတမေတ္တာအသင်းဥက္ကဌ ဦးညီပုက ပြောသည်။
လက်ရှိတွင် သေဆုံးသွားသောသူများကိုကျောက်တော်မြို့နယ်၊ အပေါက်၀ ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦး အလောင်းကို မင်းပြားသို့ ယူဆောင်သွားကြောင်း သတင်း ရရှိသည်။
နောက်ဆုံး ရရှိသည့် သတင်းအရ ဒဏ်ရာ ပြင်းထန်သူများကိုယနေ့ ညနေ ၅နာရီခန့်က စစ်တွေဆေးရုံသို့ ပိုဆောင်လိုက်ပြီဖြစ်ကြောင်းသိ၇သည်။