Preview

ဘူးသီးတောင်တွင် တောဆင်ရိုင်းနင်းခံ၇၍ အမျိုးသား ၁ ဦးသေဆုံး

နိုဝင်ဘာ ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :7569
မှုခင်း သတင်း

နှင်းနွယ်နီ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၀/၂၀၂၁
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု၊ ကျီးနှုတ်သီးကျေးရွာတွင် တောဆင်ရိုင်းနင်းခံ၇၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာ ကျီးနှုတ်သီးကျေးရွာ၊ ရပ်ကွက် (၁၀)နေ မူဆလင်အမျိုးသား ဦးခေါ်လီမူလ္လာ (၃၈ နှစ်) ဖြစ်သည်။
သူသည် နိုဝင်ဘာလ ၁၈ ရက်၊ ည ၁၀ နာရီဝန်းကျင်ခန့်က ဦးကော်မူလာ၏ စပါးခင်းတွင် ရွာသားအချို့နှင့် ညစောင့်အဖြစ်လုပ်ကိုင်နေစဉ် တောဆင်ရိုင်းနင်းခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ငါးရံ့ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“ဆင်က ခေါင်းကိုနင်းသွားတာ။ ဦးနှောက်တွေ နှာခေါင်းကနေတောင် ထွက်သွားတယ်” ဟုပြောသည်။
ဦးကော်လီမူလာ၏ စပါးခင်းတွင် ညတိုင်းနီးပါး ဆင်များလာပြီး စပါးပင်များကို ဖျက်ဆီးစားသောက်ကြသည့်အတွက် ရွာသားအချို့စောင့်ဆိုင်းကာ ဆင်ကိုမောင်းထုတ်ချိန်၌ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှ ဝေလာတောင်ကျေးရွာသားတစ်ဦးသည်လည်း မောင်တောမြို့သို့ ဆေးခန်းပြရန်သွားစဉ်တွင် ရွာ၏တောင်ဘက် ဒုံးချောင်းတံတားအနီးတွင် ဆင်နင်းခံ၇၍ သေဆုံးသွားခဲ့သေးသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်ကလည်း မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာရှိ နံ့သာတောင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းက စိုက်ပျိုးထားသည့်စပါးများကို တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့သေးသည်။
တောဆင်ရိုင်းများသည် တောတောင်များတွင် အစာရေစာရှားပါးလာနေသည့်အတွက် ယခုကဲ့သို့ စပါးပေါ်သည့်ရာသီများတွင် စပါးခင်းများသို့လာရောက်စားသောက်လေ့ရှိပြီး လူများကိုလည်း တိုက်ခိုက်လေ့ရှိတတ်ကြသည့်အတွက် အထူးသတိထားကြရန်လိုအပ်သည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.