ချစ်အိလှိုင်
နိရဥ္စရာ၊ဒီဇင်ဘာ ၂/ ၂၀၂၁
ရခိုင်ပြည်နယ်၊ပေါက်တောမြို့ပေါ်တွင် အသက်မပြည့်သည့်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့၇သည်ဟုမိသားစုများက ပြောသည်။
အဓမ္မပြုကျင့်ခံရသူမှာပေါက်တောမြို့ ရပ်ကွက်(၁)မှ အသက်(၁ရ)နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး စွပ်စွဲခံ၇သူမှာ အိမ်နီးချင်းဖြစ်သူအသက်(၂၈)နှစ်အရွယ်ထွန်းထွန်းဦးဖြစ်သည်။
ဒီဇင်ဘာလ၂ ရက် နေ့လယ် ၂ နာရီခန့်တွင် အဓမ္မပြုကျင့်ခံ၇သူ အမျိုးသမီးငယ်သည် ဦးထွန်းထွန်းဦး၏ကုန်စုံဆိုင်တွင် ယနေ့ နေ့လယ်က သရေစာသွားရောက်ဝယ်ယူရာ၌ ယခုကဲ့သို့ပြုကျင့်ခံခဲ့၇ခြင်းဖြစ်သည်ဟုအမျိုးသမီးငယ်၏အဖိုးဖြစ်သူက နိရဥ္စရာကိုပြောသည်။
“အိမ်ကခြံချင်းကပ် နံရံတစ်ချပ်ပဲခြားတော့ မောင်နှမလို ခင်ခင်မင်မင်နေကြတာပါ။ ဒီနေ့ကအဒေါ်ဖြစ်သူနဲ့အတူသွားခဲ့တာပါ။ အဲဒီမှာ သူ့ရည်စားနဲ့ ဖုန်းပြောမလားဆိုပြီးခေါ်ထားလိုက်တာဆိုတော့ ကျန်ခဲ့တယ်လို့ပြောတယ်။ အဲဒီမှာ သူ့ကုတင်ပေါ်အတင်းတင်ပြီးပါးစပ်ကိုပိတ်ပြီး အဓမ္မပြုကျင့်တာပါ။ ဆေးရုံကအဖြေကလည်း အမှုမြောက်တယ်လို့ ဆေးရုံကပြောတယ်” ဟုပြောသည်။
ကျူးလွန်ခံရသူအမျိုးသမီးငယ်တွင်ထိခိုက်ဒဏ်ရာရရှိမှု၊ ရိုက်နှက်ခံရမှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း သူမမှာအခင်းဖြစ်ပွားပြီးချိန်တွင် ငိုယိုပြီးပြန်ရောက်လာခဲ့သဖြင့် ယနေ့ ညနေ ၄ နာရီခန့်တွင်အဒေါ်ဖြစ်သူအားမေးမြန်းခိုင်းမှ ပြောပြခဲ့ခြင်းဖြစ်ကြောင်း အဖိုးဖြစ်သူကဆက်ပြောသည်။
“သူများတွေကစိတ်မကောင်းဖြစ်ပေးကြရုံပဲရှိတာပါ။ ကျွန်တော်ဘယ်လိုခံစားရနေရမလဲစဉ်းစားလို့သာကြည့်ပါ။ တရားမျှတမှု၇စေချင်တာပေါ့” ဟုပြောသည်။
ကျူးလွန်ခံရသူအမျိုးသမီးငယ်နှင့်မောင်နှမများမှာ မိဘမဲ့ဖြစ်ပြီး အဖိုးဖြစ်သူနှင့်အတူနေထိုင်ကြသူများဖြစ်သည်ဟုလည်းသိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးပေါက်တောမြို့နယ်ဆရာဝန်ကြီး ဒေါက်တာကိုကိုအောင်အား ဆက်သွယ်ခဲ့သော်လည်းဖုန်းမကိုင်သဖြင့် ၄င်း၏ မှတ်ချက်တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသေးပါ။
ဆက်လက်ပြီးရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးလူကြီးမောင်အား မေးမြန်းရာတွင်ဖြစ်စဉ်ကိုကြားသိရသော်လည်း အမှုလာရောက်တိုင်ကြားမှုမရှိသဖြင့် ၄င်းအနေဖြင့်တစ်စုံတစ်ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်း ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သူမှာဖယောင်းတိုင်လုပ်ငန်းနှင့် ပေါက်တောဈေးကြီးတွင် ဈေးဆိုင်ရောင်းသူဖြစ်ပြီးလက်ရှိတွင် ၄င်းအား စစ်ဆေးရန် ULA/ AA ကခေါ်သွားကြပြီဟုလည်း သိ၇သည်။
ပေါက်တောမြို့နယ်၊စိုင်းတုတ်ကျေးရွာမှ (ရ)နှစ်အရွယ် KG တန်းကျောင်းသူတစ်ဦးကိုလည်း ယင်းရွာမှ TA (တိုင်းရင်းသားဘာသာပြ)ကျောင်းဆရာတစ်ဦးကလွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကျောင်းဆင်းပြီးနောက်အချိန်ပိုကျူရှင်တက်ရောက်နေရာမှ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ခဲ့သေးသည်။
ယင်းသို့ကြံစည်ခဲ့မှုကြောင့်ကြံစည်ခဲ့သူကို ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်၁၀ နှစ်ချမှတ်ခဲ့သည်ဟုလည်း သိ၇သည်။