သဥ္ဇာနွယ်
နိရဥ္စရာ၊ဒီဇင်ဘာ ၇/ ၂၀၂၁
တောင်ကုတ်မြို့မှစစ်တွေမြို့သို့ သယ်ဆောင်မည့် အိမ်ဆောက်ပစ္စည်းဖြစ်ကြသည့် ကျွန်းပြူတင်းတံခါး၊တံခါးမကြီး၊ တံခါးရွက်ကျည်းပေါင်များနှင့် ပျဉ်းကတိုးသစ်ခွဲသားများကို တရားဝင်အထောက်အထား မပြနိုင်ဟုဆိုကာ တောင်ကုတ်ဆိပ်ကမ်းတွင် ရဲကဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
ကုန်ချောအဖြစ်ထုတ်လုပ်ထားသည့်ကျွန်းပြူတင်းတံခါး ၇၆ ချပ်၊ တံခါးမကြီး ၁၃ ချပ်၊ တံခါးရွက် ကျည်းပေါင် ၁၀ ထုပ်နှင့် ပျဉ်းကတိုးသစ်ခွဲသားဆိုဒ်စုံ၇၉ ချောင်းတို့သည် ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် တောင်ကုတ်မြို့နယ်မှိုဟင်းတောကျေးရွာအနီး မလိခဆိပ်ကမ်း၌ ဖမ်းဆီ းခံလိုက်၇ခြင်းဖြစ်သည်။
အဆိုပါသစ်များမှာ၂ ဒသမ ၅၄ တန်ရှိပြီး ကာလတန်ဖိုး ကျပ် ၁၀ သိန်းခန့်တန်ဖိုးရှိသည်ဟုလည်း သိ၇သည်။
ယင်းပစ္စည်းများသည်စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ဦးရွှေမောင်ပိုင်ဆိုင်သော ရွှေပြည်မိုးအမည်ရှိစက်လှေတွင် အခြားကုန်ပစ္စည်းများနှင့်အတူရောနှောတင်ဆောင်လာစဉ်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
စက်လှေပိုင်ရှင်ဦးရွှေမောင်၏သားကိုစိုးဝေမောင်က “အခုကကုန်ချောတွေ။ ပြီးတော့ အများကြီးလည်း မဟုတ်ဘူး။ စုစုပေါင်းမှ ၁၀ သိန်းဖိုး။ သစ်က ၂တန်လောက်ဆိုတော့ ခံပြင်းနေပါတယ်”ဟုနိရ ဉ္စရာကိုပြောသည်။
အဆိုပါပစ္စည်းများကိုတရားဝင်ထုတ်လုပ်မှု အထောက်အထားမပြနိုင်သောကြောင့် သစ်တောနှင့်ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့က သတင်းအရဖမ်းဆီးခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်မင်းထွန်းက နိရဥ္စရာကို ပြောသည်။
“တောင်ကုတ်ကနေစစ်တွေသွားတာမှာ ဖမ်းမိတာ။ သစ်သားတံခါးတွေကို တရားဝင်ထုတ်လုပ်မှုအထောက်အထားမပြနိုင်လို့ ဖမ်းတာ”ဟုပြောသည်။
အဆိုပါစက်လှေသည်တောင်ကုတ်မြို့နယ်မှ ဘူးသီးတောင်မြို့သို့ထွက်ခွာမည့်စက်လှေဖြစ်ပြီးအဆိုပါသစ်များကို ကုန်ပို့ကိုယ်စားလှယ်တစ်ဦးက လာရောက်တင်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုစက်လှေပိုင်ရှင်ဦးရွှေမောင်၏သား ကိုစိုးဝေမောင်က ပြောသည်။
တရားဝင်အထောက်အထားပါ/မပါဆိုသည်မှာအဆိုပါသစ်များအားလာရောက်တင်ဆောင်လာသည့်ကုန်ပို့ကိုယ်စားလှယ်နှင့် စက်လှေရှိပဲ့နင်းတို့နှစ်ဦး ဖမ်းဆီးခံထားရသည့်အတွက် အသေးစိတ်မသိ၇သေးဟုလည်း ဆိုသည်။
“အစ်ကိုတို့ကဥပဒေအရလည်း ဖြေရှင်းနေပါတယ်။ အဆင်ပြေသွားမယ်လို့လည်း မျှော်လင့်နေပါတယ်။မှန်မှန်ကန်ကန်လည်း ဖြစ်စေချင်ပါတယ်”ဟု ပြောသည်။
အဆိုပါသစ်များနှင့်အတူဖမ်းဆီးခံထားရသူများမှာစက်လှေပဲ့နင်းဖြစ်သူ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဦးတင်လှ (၅၁ နှစ်)နှင့်တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာမှ ဦးတင်မောင်ဆင့် (၄၂နှစ်)တို့နှစ်ဦးဖြစ်သည်။
ဓာတ်ပုံ- ၇ခိုင်နေ့စဉ်