Preview

ကျောက်ဖြူတွင်ခရီးသည်တင်ကားတစ်စီးပေါ်မှ ကျပ်သိန်း ၂၀၀တန်ဖိုးရှိ WY ဆေးပြားများကို လူဦးနှစ်ဦးအတူဖမ်းဆီး

ဒီဇင်ဘာ ၂၇/ ၂၀၂၁ | ကြည့်ရှုသူ :4370
မှုခင်း သတင်း


သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ၂၇ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီးပေါ်မှ ကျပ်သိန်း၂၀၀ တန်ဖိုးရှိသော WY စိတ်ကြွရူးသွပ်ဆေးပြားများကို လူနှစ်ဦးနှင့် အတူဖမ်းဆီးမိသည်ဟု ရဲသတင်းအရ သိ၇သည်။
ရန်ကုန်မှကျောက်ဖြူသို့မောင်းနှင်လာသော တိုးရတနာတိုး ခရီးသည်တင် ယာဉ်အား ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်၌ ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ် နေ့လယ် ၁ နာရီခန့်တွင် ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်မှ အမျိုးသား ၂ ဦးက ကားပေါ်ပါ စက္ကူဂျပ်ဖာအား လာရောက် ယူဆောင်သည်ကို မသင်္ကာ၍ ဖွင့်ဖောက်စစ်ဆေးရာ ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့ နယ်ထိန်းရဲအရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။
“ကားက ရန်ကုန်ကနေ ကျောက်ဖြူကိုလာတဲ့ကားပါ။ ခရီးသည် နည်းနည်း ပါတယ်။ ပစ္စည်းကတော့ ရန်ကုန်က ထည့်ပေးလိုက်တယ်လို့ ပြောတယ်” ဟု ပြောသည်။
အဆိုပါစက္ကူဂျပ်ဖာအတွင်း ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ WY လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား အပြားပေါင်း ၁ သောင်းကိုတွေ့ရှိခဲ့ပြီး ရန်ကုန်မှ ကျောက်ဖြူသို့ထည့်ပေးလိုက်ခြင်းဖြစ်သည်ဟု သိ၇သည်။
လက်ရှိတွင် မူးယစ်ဆေးများနှင့်အတူဖမ်းမိသူ ၂ ဦးကို ကျောက်ဖြူရှိ မူးယစ်တပ်ဖွဲ့ရုံးတွင် ထိန်းသိမ်းထားပြီး ၎င်းတို့နှစ်ဦးနှင့် အတူ မူးယစ်ဆေး သယ်ဆောင်လာသည့် ခရီးတင်ကားကိုလည်း စစ်ဆေးမေးမြန်းနေသည်ဟု သိ၇သည်။

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.