Preview

မောင်တောတွင် ဟာဘီ(အရှေ့)ရွာ မီးလောင်မှုဖြစ်၍ ဈေးဆိုင်ခန်း(၃) ခန်းဆုံးရှုံး

ဒီဇင်ဘာ ၃၁/ ၂၀၂၁ | ကြည့်ရှုသူ :5385
မှုခင်း သတင်း
ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီ(အရှေ့)မူဆလင်ကျေးရွာတွင် ယနေ့တွင် မီးလောင်မှုဖြစ်၍ ဈေးဆိုင်ခန်း (၃)ခန်း ပျက်စီးဆုံးရှုံးသွားကြောင်း သိ၇သည်။
အဆိုပါကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ညဉ့် ၂ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ခန်း (၃)ခန်း မီးလောင်ဆုံးရှုံးသွားခြင်းဖြစ်သည်ဟု မောင်တောမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က အတည်ပြုပြောကြားသည်။
“ ဖြစ်စဉ်ကတော့ မီးထွန်းတယ်။ ခြင်ဆေးခွေတွေထွန်းပြီးတော့ အိပ်ပါသွားတဲ့အခါ ဘေးမှာရှိတဲ့ စက္ကူတွေ၊ မုန့်ထည့်ထားတဲ့ ကတ်ထူပုံးတွေကနေလောင်ပြီး ဝါးထရံကိုကူးပြီးတော့ မီးလောင်သွားတာ” ဟု ပြောသည်။
ပျက်စီးဆုံးရှုံးသွားသည့် ဆိုင်ခန်းများမှာ ဝါးထရံကာအမျိုးအစားများဖြစ်ပြီး သွပ်မိုးထားသည့်ဆိုင် (၂) ဆိုင်နှင့် အုန်းမိုးထားသည့် ဆိုင် ၁ ဆိုင်တို့ဖြစ်ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိ၇သည်။
ထိုဆိုင်ခန်းများမှာ ဘီဘီနော်ရိုး ပိုင်ဆိုင်သည့် ကုန်စုံဆိုင်၊ ဇော်ဟီးအာမတ် ပိုင်ဆိုင်သည့် ကုန်စုံဆိုင်နှင့် အာဘူဆီဒိတ် ပိုင်ဆိုင်သည့် လဖက်ရည်ဆိုင်တို့ဖြစ်သည်ဟု သိ၇သည်။
မီးလောင်မှုကြောင့် ဘီဘီရှောရှီး ကုန်စုံဆိုင်မှာ ခန့်မှန်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၀ သိန်းခန့်၊ ဇော်ဟီးအာမတ် ကုန်စုံဆိုင်မှာ ခန့်မှန်းတန်ဖိုး ကျပ် ၅ သိန်းနှင့် အာဘူဆီဒိတ်ပိုင်ဆိုင်သည့် လက္ဖက်ရည်ဆိုင်မှာ ကျပ် ၃ သိန်း ခန့်ဆုံးရှုံးခဲ့ကြောင်း ရခိုင်နေ့စဉ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရခိုင်နေ့စဉ်၏ ဆုံးရှုံးမှုတန်ဖိုး ဖော်ပြချက်နှင့်ပတ်သက်ပြီး မောင်တောမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
“ဆုံးရှုံးမှုတန်ဖိုးကတော့ ၁ သိန်း ၅ သောင်း ၅ ထောင်ပါ”ဟု ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်သည့်နေရာသည် မောင်တောမြို့နှင့် ရ မိုင်ခန့်ကွာဝေးပြီး လမ်းခရီးအခက်အခဲကြောင့် မီးသတ်ကားများသွားရန်အဆင်မပြေခဲ့သည့်အတွက် ရွာသားများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရသည်ဟု သိ၇သည်။
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.