Preview

စစ်တွေ မင်းဂံရပ်ကွက်တွင် ဆီပေပါဟောင်းပေါက်ကွဲမှုဖြစ်၍ အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဇန်နဝါရီ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :783
မှုခင်း သတင်း
မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဇန်နဝါရီ ၁ / ၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၉ တွင် ယနေ့နံနက်က ဆီပေပါဟောင်းတစ်လုံးပေါက်ကွဲမှုဖြစ်၍ အမျိုးသား ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိ၇သည်။
ဒဏ်ရာအပြင်းအထန်ရရှိသွားသူမှာ မင်းဂံရပ်ကွက် အကွက် ၉ ၊ (ခ)နောက်တန်းနေ ကိုဇော်မင်းနိုင် (၃၁ နှစ်)ဖြစ်သည်။
သူသည် ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၁၁ နာရီခန့်က နေအိမ်အတွင်း ဆီပေပါဟောင်းအား ဂိုင်နာဖြင့်ဖြတ်ဖောက်စဉ် ဆီပေပါဟောင်းမှာ ကြီးမားသောပေါက်ကွဲသံနှင့်အတူ ပေါက်ထွက်သွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပေါက်ကွဲမှုကြောင့် ကိုဇော်မင်းနိုင်တွင် ညာဘက်ခြေထောက်ပြတ်ထွက်လုနီးပါးဖြစ်သွားပြီး ညာဘက်မျက်လုံးနှင့် ညာဘက်ပါးပြင် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
မိသားစုဝင်တစ်ဦးဖြစ်သူ ဦးကံမြင့်က “သူက ဂိုင်နာနဲ့ဖြတ်ချိန်မှာ ပေပါဟောင်းထဲမှာ ဆီက နည်းနည်းလေးရှိလိမ့်မယ်။ အဖုံးကိုလည်း မဖွင့်ဘဲဖြတ်ဖောက်တော့ လေကလည်း လုံနေတယ်။ လျှပ်စစ်ကလည်း စီးနေတယ်ဆိုတော့ အခုလို ပေါက်ထွက်သွားတာပါ”ဟု အခင်းဖြစ်ရာသို့ရောက်ရှိခဲ့သည့်နိရဥ္စရာကို ပြောသည်။
ဒဏ်ရာရသွားသူသည် သုံးဘီးမောင်းသူဖြစ်ပြီး ဆီပေပါဟောင်းအား အခင်းအဖြစ် သူ၏သုံးဘီးတွင်အသုံးပြုရန် ဖြတ်ဖောက်စဉ် ယခုကဲ့သို့ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု သိ၇သည်။
ရပ်ကွက်နေသူတစ်ဦးကလည်း “အသံက တအားကြီးမြည်ပြီးပေါက်သွားတော့ ဘာများဖြစ်လဲလို့ တော်တော်ကြောက်သွားတယ်”ဟု ပြောသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသူအား စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်း သိ၇သည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.