Preview

စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းမပေါ်တွင် ၃ နှစ်ကျော်အရွယ်ကလေး ၁ ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး

ဇန်နဝါရီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :9785
မှုခင်း သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၆ / ၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းပေါ်တွင် ၃ နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသောကလေးငယ်မှာ ဦးအောင်မြင့်ချေနှင့် ဒေါ်နှင်းညွန့်သိန်းတို့၏ တစ်ဦးတည်းသောသား မောင်အောင်စိုးလင်း (၃ နှစ်နှင့် ၄ လ)ဖြစ်သည်။
အဆိုပါကလေးငယ်သည် မိခင်ဖြစ်သူနှင့်အတူ ယနေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်မှ စစ်တွေမြို့နယ်၊ ကျောက်တန်းကြီးကျေးရွာသို့ပြန်အလာတွင် နံနက် ၉ နာရီခွဲခန့်၌ ကားပေါ်မှဆင်းပြီး အထုပ်အပိုးများအား စိစစ်နေစဉ် ၄င်းတို့စီးလာသောကားဖြင့် တိုက်မိပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်တန်းကြီးကျေးရွာမှ လူမှုကူညီရေးဆောင်ရွက်ပေးသူ ဦးမောင်ထွေးလှိုင်က နိရဥ္စရာကိုပြောသည်။
“သူစီးလာတဲ့ကားကပဲ တိုက်သွားတာ။ ရှေ့ဘီးနဲ့ ခေါင်းကိုကြိတ်သွားတာ။ ပွဲချင်းပြီးပဲ။ အလောင်းကိုတော့ ကျောက်တန်းကြီး သချႋုင်းမှာပဲ ထားထားတယ်”ဟုပြောသည်။
သေဆုံးသူကလေး၏မိသားစုမှာ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာမှဖြစ်ပြီး ဆွေမျိုးရှိရာ ရသေ့တောင်မြို့နယ်၊ ဆောက်ခပ်ကျေးရွာသို့အလည်သွားပြီးနောက် စစ်တွေသို့ပြန်အလာတွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
ယခုကဲ့သို့မဖြစ်အောင် ယာဉ်မောင်းသူများမှာ မပေါ့ဆဘဲ သတိထားပြီးမောင်းသင့်ကြောင်း၊ ပေါ့ဆမှုကြောင့် လူ့အသက်တစ်ချောင်း ဆုံးရှူံးရသောကြောင့် လွန်စွာစိတ်မကောင်းဖြစ်၇သည်ဟု ဦးမောင်ထွေးလှိုင်က ဆက်ပြောသည်။
လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ ၇သေ့တောင်မြို့ပေါ်မှ ဦးမြင့်နိုင် (၃၀ နှစ်)ကို အမြင့်ကျွန်းရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်ကလည်း မောင်တောမြို့နယ် ရွှေဗဟိုရ်ကျေးရွာနှင့် အလယ်သံကျေးရွာကြား ကားလမ်းမပေါ်တွင် ကျောက်သယ်ကား(တေဘာကား)တစ်စီးဝင်တိုက်ပြီး မူလတန်းကျောင်းသူ ၁ ဦးနှင့် ကျောင်းသား ၁ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိ၇သည်။
မောင်တောဖြစ်စဉ်တွင် ယာဉ်မောင်းထွက်ပြေးသွားကြောင်း သိ၇သည်။
#ယာဉ်မတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.