Preview

ပုဏ္ဏားကျွန်း ရန်ကုန် - စစ်တွေအဝေးပြေးလမ်းမပေါ်တွင် အမျိုးသား ၁ ဦး ကားတိုက်ခံရ၍ သေဆုံး

ဇန်နဝါရီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :8961
မှုခင်း သတင်း
ဖိုးသောကြာ
နိရဥ္စရာ၊ ဇန်နဝါရီ ၇ / ၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ရေဖြူကန်စစ်ဘေးရှောင်စခန်းအနီးရှိ ရန်ကုန် - စစ်တွေအဝေးပြေးလမ်းမပေါ်တွင် အမျိုးသား ၁ ဦး ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသူမှာ ပုဏ္ဏားကျွန်းမြို့နယ် မင်းဂံကျေးရွာမှ အသက် ၄၂ အရွယ် ဦးမောင်ကျော်သန်းဖြစ်ကြောင်း မိးသားစုဝင်များမှ သိ၇သည်။
ဦးမောင်ကျော်သန်းသည် ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ည ရ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် မင်းဂံကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာဘုန်းကြီးကျောင်း အုတ်မြစ်ချပွဲသို့အသွားတွင် အနောက်မှနေ၍ ကျောက်များသယ်ဆောင်လာသည့်တေပါကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု အကူအညီပေးခဲ့သူ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်သင်း(PDYO)မှ ကိုမောင်မောင်သန်းက ပြောသည်။
“သူ့မှာ ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းမထားဘူး။ အဲလိုအတိုက်ခံရတဲ့အတွက် သူ့ဦးခေါင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့အတွက် ပုဏ္ဏားကျွန်းဆေးရုံကိုပို့ဆောင်တဲ့အခါ လမ်းမှာ သေဆုံးသွားတာဖြစ်ပါတယ်”ဟု ပြောသည်။
ကားတိုက်ခံရ၍ သေဆုံးသူ၏ ဆိုင်ကယ်လည်းပျက်စီးသွားခဲ့သည်ဟု သိ၇သည်။
ကျောက်သယ် တေပါကားမောင်းသည့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးဝင်းသန်း (၂၂ နှစ်) အား ပုဏ္ဏားကျွန်းမြို့နယ် ရက္ခိုင်ပြည်သူအာဏာပိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိ၇သည်။
သေဆုံးသူသည် လက်သမားအလုပ်ကိုလုပ်ကိုင်ပြီး သား ၂ ဦးနှင့် သမီး ၁ ဦးကျန်ခဲ့ကြောင်း သိ၇သည်။
လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းအား မင်းဂံကျေးရွာသို့ သယ်ဆောင်နေကြကြောင်း သိ၇သည်။
ယမန်နေ့နံနက် ၉ နာရီခွဲခန့်ကလည်း စစ်တွေမြို့နယ် ကျောက်တန်းကြီးကျေးရွာအနီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ၃ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး ကားတိုက်ခံ၇၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.