နိရဉ္စရာ၊ ဇန်နဝါရီ ၂၁/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိမြန်မာနိုင်ငံက ထွက်ပြေးလာသည့် မူဆလင်ဒုက္ခသည်များ နေထိုင်သည့် JamtaliFDMN စခန်းတွင် ဇန်နဝါရီ ၁၉ရက် ည ၈ နာရီခန့်က လူသတ်မှုဖြစ်ပြီး တစ်ဦး သေဆုံးသွားခဲ့သည်ဟု အိုကီယားနယူးတွင် သတင်းဖော်ပြသည်။
သေဆုံးသူမှာ မော်လဝီ မူနီယာ ဟူစိန် (Maulvi Monir Hossain) (၃၅) နှစ်ဖြစ်ပြီးယခင်ရန်ငြိုးကြောင့် Kefayet Ullah Gang ဆိုသူက ဓားဖြင့် ဝမ်းဗိုက်ကိုဓားဖြင့်ထိုးသတ်သွားခဲ့ဟု ဆိုသည်။
၎င်းသည် အိုကီးယားမြို့နယ် ဂျာမတာလီ ဒုက္ခသည်စခန်း အမှတ်(၁၅) ရှိ အိပ်ချ် (H) အကွက်တွင် နေထိုင်သူဖြစ်ကြောင်းသတင်း၌ ဖော်ပြထားသည်။ ဓားထိုးခဲ့ရပြီးနောက်ချက်ချင်းဆိုသလို စခန်းတွင်းရှိ MSFဆေးရုံသို့ ယူဆောင်သွားသော်လည်း ၎င်းဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟုသိ၇သည်။
အခင်းဖြစ်ပွားပြီးနောက် ဓားထိုးမှု ဖြစ်ပွားရာ အနီးတဝိုက်တွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားပြီး လူသတ်တရားခံကို ရှာဖွေနေသည်ဟု ရဲမှူး MdKamran Hossain က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။