Preview

သံတွဲတွင် ရေငုပ်၍ ပုစွန်ရှာရာမှ ပျောက်ဆုံးသွားသူ၏ရုပ်အလောင်း ၃ ရက်အကြာမှ ရှာတွေ့

ဇန်နဝါရီ ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :786
မှုခင်း သတင်း
အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာတွင် ဇန်နဝါရီ ၂၁ ရက်နေ့က ရေငုပ်ပုစွန်ရှာဖွေရာမှ ပျောက်ဆုံးသွားသည့်အမျိုးသားအလောင်းကို ယနေ့တွင် ရှာတွေ့ရှိခဲ့ကြောင်း သိ၇သည်။
သေဆုံးသူမှာ မြုံပြင်ကျေးရွာမှ အသက်(၂ရ)နှစ်အရွယ် ကိုဆန်းလင်းဖြစ်သည်။
သူ့အလောင်းကို ယနေ့ ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် မြုံပြင်တံတားအောက်ဘက် ချောင်းအတွင်း သူနစ်မြုပ်ပျောက်ဆုံးသွားသည့်နေရာနှင့် ၁၀ ပေခန့်အကွာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သံတွဲမြို့ သွေးလှူရှင်များအသင်းအဖွဲ့မှ ဦးမိုးဝေက ပြောသည်။
“၂၂ ရက်နေ့ညအထိ ကျွန်တော်တို့ ရေငုပ်ရှာတယ်။ နတ်တွေဘာတွေကြည့်တယ်။ ကျွန်တော်တို့ အဲဒီနေရာတွေကို အခေါက်ခေါက်ရှာတုန်းက မတွေ့ဘူး။ ဒီနေ့ ၈ နာရီလောက်မှာ သူ့ဖာသာပြန်ပေါ်လာတာ။ ဘယ်လိုထူးဆန်းလဲဆိုတော့ သူ့မှာရေငုပ်မျက်မှန်တပ်ပြီးသားအတိုင်းပဲ။ ဒီဖက်မှာ ပုစွန်ပစ်တဲ့ လှဲစူးကိုချည်လျက်သားနဲ့ ဆောင့်ကြောင့်ထိုင်ပြီးပေါ်လာတာ”ဟုပြောသည်။
သေဆုံးသူသည် ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်က သူငယ်ချင်းဖြစ်သူ ကိုကျားချေနှင့် မြုံပြင်တံတားအောက်ဘက် ချောင်းအတွင်း ရေငုပ်၍ ပုစွန်ရှာနေရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ဦးမိုးဝေက “အဲဒီနေ့က ပထမတစ်ခေါက်ရေထဲကပေါ်လာပြီး ရေငုပ်မျက်မှန်က ရေခါတယ်ပြောတယ်။ နောက်တစ်ခေါက်ငုပ်သွားပြီးပြန်မပေါ်လာတော့တာ။ ကျွန်တော်တို့လည်း အဲဒီနေ့ကတည်းက ရှာတာ ဒီနေ့မြုပ်တဲ့နေရာအနားက ပြန်ပေါ်လာတာပဲ” ဟုပြောသည်။
သံတွဲမြို့မရဲစခန်းမှူး ရဲအုပ်အောင်မိုးဟိန်းက သေဆုံးသူနှင့်ပတ်သက်၍ သေမှု၊ သေခင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်မှုများပြုလုပ်နေကြောင်း ပြောသည်။
photo crd- ကိုနာနီ
#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.