English Edition
သောကြာနေ့၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၅
လှူရန်
Preview
ပေါက်တောမှအမျိုးသမီး ၁ ဦး စက်လှေ၏ စက်ကော်ပလိန်ကြားတွင် ခြေထောက်ဝင်ပါသွား၍ သွေးထွက်လွန်သေဆုံး
ဖေဖော်ဝါရီ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :4432
မှုခင်း သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၀ / ၂၀၂၂
၇ခိုင်ပြည်နယ်တွင် ပေါက်တောမြို့နယ်တွင် စက်လှေတစ်စင်း၏ စက်ကော်ပလိန်ကြားတွင် ထမိန်စညှပ်၍ ခြေထောက်နှစ်ချောင်းစလုံးဝင်ပါသွားခဲ့သည့်အတွက် အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်၊ ငရီချိုင်ကျေးရွာမှ ဒေါ်စိုးမေ (၆၂ နှစ်)ဖြစ်သည်။
သူမသည် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် စက်လှေတစ်စင်းဖြင့် စစ်တွေမှပေါက်တောသို့အပြန် ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာအနီးတွင် လှိုင်းထန်၍ စက်လှေ၏ စက်ခန်းထဲသို့လိမ့်ကျသွားခဲ့သည်ဟု သိ၇သည်။
ယင်းသို့လိမ့်ကျသွားခဲ့ပြီးနောက် စက်၏ ကော်ပလိန်ကြားတွင် သူမ၏ထမိန်စညှပ်သွားခဲ့ရာမှတဆင့် ခြေထောက်နှစ်ချောင်းစလုံးဝင်ပါပြီး ပိုင်းပြတ်သွားခဲ့သည့်အတွက် သွေးထွက်လွန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ပေါက်တောမြို့ခံ ကိုကျော်ကျော်ခိုင်က ပြောသည်။
“သားမင်္ဂလာပွဲအတွက် စစ်တွေက ပစ္စည်းတွေသွားဝယ်ပြီးအပြန် အနားကနေ ကစ္ဆပနဒီသင်္ဘောက ဖြတ်သွားတော့ လှိုင်းက ထသွားတယ်။ အဲ့ဒီအချိန်မှာ အဒေါ်က စက်နားကိုပြုတ်ကျသွားတာ။ အဲ့မှာ ထမိန်အစညှပ်သွားပြီး ခြေထောက်နှစ်ဖက်လုံးပါသွားတာ”ဟုပြောသည်။
လက်ရှိတွင် သူမ၏အလောင်းကို ပေါက်တောဆေးရုံတွင်ထားရှိထားပြီး မိသားစုများက အလွန်စိတ်မကောင်းဖြစ်နေကြသည်ဟု ကိုကျော်ကျော်ခိုင်က ပြောသည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.