English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ငပလီတွင် ကားမတော်တဆဖြစ်၍အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံး
ဖေဖော်ဝါရီ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :7368
မှုခင်း သတင်း
ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ လင်းသာရပ်ကွက် ဂေါက်ကွင်းအကွေ့တွင် ယနေ့ ညနေက အမျိုးသား ၁ ဦးသည် တောင်စောင်းအား ကားဖြင့် တိုက်မိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိ၇သည်။
သေဆုံးသူမှာ ငပလီမြို့ ဈီးဖြူကုန်းရပ်ကွက်မှ ဦးမျိုးမင်းဦး(ခေါ်) မောင်ဖြူ (၃၉ နှစ်)ဖြစ်သည်။
သူသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၆ နာရီခန့်က ငပလီလမ်းဆုံမှ လင်းသာလမ်းဆုံဘက်သို့ ကားမောင်းလာစဉ် အရှိန်မထိမ်းနိုင်ဘဲ တောင်ကမ်းပါးကိုဝင်တိုက်မိပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂျိတ္တောရဲစခန်းမှူး ဒုရဲအုပ်သန်းဇော်က ပြောသည်။
“ခါးပတ်မပတ်ထားဘူး။ တိုက်မိတဲ့အရှိန်ကြောင့် ကားတံခါးပွင့်ပြီးထွက်ကျသွားပြီး ကားအောက်ပိပါသွားတာပါ။ နေရာတင်ပဲ ပွဲချင်းပြီးသေဆုံးသွားတာပါ” ဟုပြောသည်။
သေဆုံးသူအား လက်ရှိတွင် ငပလီဆေးရုံသို့ ပို့ဆောင်ထားပြီး ဂျိတ္တောရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သူက ဆက်ပြောသည်။
ရခိုင်တွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် လူရာနှင့်ချီ၍ သေဆုံးမှုများရှိလာနေသဖြင့် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ - ဇွဲထက်မာန်/ နိရ ဉ္စရာ
#ယာဉ်မတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.