ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9k

သဥ္ဇာနွယ်
နိရဥ္ဇရာ၊ မတ် ၁၄ / ၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းမိခဲ့သည်ဟု သိရသည်။
အဆိုပါမူးယစ်ဆေးများကို ယမန်နေ့ မတ်လ ၁၃ ရက် ည ၉ နာရီခန့်က မောင်တောမြို့၊ ဇူလရပ်ကွက်၊ ဘာဇူဖမူဆလင်ကျေးရွာအနီး ပူးပေါင်းအဖွဲ့ဝင်များက သတင်းအရစောင့်ဆိုင်းနေစဉ် အီတာလျာကျေးရွာနေ အာယုပ်ခါန်း(၂၁ နှစ်) မောင်းနှင်လာသော အစိမ်းရောင် သုံးဘီးဆိုင်ကယ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု အစိုးရသတင်းများကို ရေးသားတင်ပြနေသည့် ရခိုင်နေ့စဥ်သတင်းအရ သိရသည်။
အဆိုပါသုံးဘီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်း၏ဘေး၌ လိုက်ပါလာသူတစ်ဦးသည် ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးလွတ်မြောက်သွားသဖြင့် ယာဉ်အားအသေးစိတ်ရှာဖွေခဲ့ရာ ယာဉ်အနောက်ဘက်ရှိ အဝါရောင်ဆာလာအိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွ မူးယစ်ဆေးဝါး ၈၇၇၅၀ ပြား၊ (ကာလတန်ဖိုး ၁၇၅,၅၀၀,၀၀၀ ကျပ်)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့နှင့် မောင်တောမြို့မရဲစခန်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အာယုပ်ခါန်းနှင့် ထွက်ပြေးလွတ်မြောက်သွားသည့် အဘူတာဟဲရ်တို့ ၂ ဦးအား ဉပဒေအရအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်နေ့စဥ်က ဖော်ပြထားသည်။

ဆက်စပ် သတင်းများ