Preview

ရခိုင်နှင့် ရန်ကုန်-ရွှေပြည်သာတွင် ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိ

ဧပြီ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :1611
မှုခင်း သတင်း

နိရဉ္စရာ၊ ဧပြီ ၁၈/ ၂၀၂၂(မူးယစ်ဆေးဝါး)

 

ရခိုင်ပြည်နယ်မှ အမ်းမြို့နယ်နှင့် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့တွင်ငွေကျပ် ၃၂ ဒသမ ၅ဘီလီယံ တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီး၇မိကြောင်း ဧပြီ၁၂ ရက် ထုတ်ပြန်သည့် CCDACMYANMAR ၏ သတင်းအရ သိ၇သည်။

 

ဧပြီလ၅ ရက်နေ့ ညနေ ၆ နာရီအချိန်က ၇ခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊အမ်း(ပဲပဒုံ) ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဖမ်းဆီး၇မိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား၁၅ သန်းနှင့် ပတ်သက်ပြီးဆက်စပ် တရားခံများကိုဖော်ထုတ်စစ်ဆေးရာမှ နောက်ထပ် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အားထပ်မံ သိမ်းဆည်း၇မိခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

 

ဧပြီလ၅ ရက်နေ့ ညနေ ၆ နာရီအချိန်က အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ) ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ဖမ်းဆီးခံ၇သူများမှာ ဇော်မျိုးသန့်(ခ)ဖိုးထူးနှင့်  သိန်းသန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည်  NISSANDIESEL ၆ ဘီးယာဉ်ဖြင့်  စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်းကို ယာဉ်ပေါ်ရှိအထည်ထုပ်များအတွင်း ဖုံးအုပ်ကာ ရန်ကုန်မှ မြောက်ဦးသို့ သယ်ဆောင်လာသည်ဟု ဆိုသည်။  

 

သတင်းကွင်းဆက်အ၇ ၎င်းနေ့  ည ၁၁ နာရီခွဲအချိန် သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်မင်းသိန်း(ခ) သိန်းရွှေ နှင့်ထက်ဝေယံ၊ လှအောင်ဇံ၊ နန်းအောင်လင်း၊ မိုးချေနှင့် မိုးကျော် တို့အား PROBOXယာဉ်တစ်စီးနှင့်အတူမြောက်ဦးမြို့တွင် ဆက်လက်ဖမ်းဆီး၇မိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

 

စစ်ဆေးဖော်ထုတ်ချက်အ၇ဧပြီလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင် အတွင်းမှစိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံသိမ်းဆည်း၇မိခဲ့သည်ဟု သိ၇သည်။

 

စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား၂၅ သန်း ဒေသကာလတန်ဖိုးမှာည ွေကျပ်၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိသည်ဟု ၎င်းသတင်းကဆိုသည်။

 

သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအားရန်ကုန် တိုင်းဒေသကြီး မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့်၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအားဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ဆက်လက်သတင်းဖော်ပြထားသည်။

 

၎င်းစိတ်ကြွဆေးပြားများမှာ ရခိုင်ပြည်နယ်ကို ကြားခံပြုလျှက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း မူးယစ်နှိမ်နှင်းသည့်ရဲအရာရှိများနှင့် လေ့လာသုံးသပ် သူများက ပြောဆိုသည်။

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.