English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်တော်မြို့နယ်တွင် မိုးသက်လေပြင်းကျရောက်စဉ် လှေနှစ်စီးကြားညှပ်ပါသွား၍ လူတစ်ဦးသေဆုံး
ဧပြီ ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :1310
မှုခင်း သတင်း
သျှင်မင်းဇံ
နိရဉ္ဇရာ၊ ဧပြီ ၂၀/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အုတ်ကြွတ်ကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က မိုးသက်လေပြင်း ၄၅ မိနစ်ခန့်ကြာ တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊ အခဇားအုပ်စု၊ အုတ်ကြွတ်ကျေးရွာနေ ဦးမောင်မြသိန်း အသက် (၅၃) နှစ်အရွယ်ဖြစ်သည်။
၎င်းသည် လေပြင်းတိုက်ခတ်အချိန် ကျေးရွာအနီးမှ လှေငယ်အား လုံခြုံသည့်နေရာသို့ ကြိုးဖြင့် ဆွဲယူလာစဥ် လှေနှစ်စီးကြာတွင် ညှပ်ကာ သေဆုံးသွားကြောင်း အုတ်ကြွတ်ကျေးရွာမှ ရပ်မိရပ်ဖ ဦးမောင်ကံဌေးက နိရဉ္စရာသို့ ပြောသည်။
" သူ့လှေကို လေပြင်းတိုက်တော့ လုံခြုံတဲ့ ရွာအနီးက နေရာတစ်ခုကို ကုလားတန်မြစ်ကမ်းနားအတိုင်း ဆွဲလာတာ။ အဲအချိန်မှာ လေပြင်းတွေ တိုက်တော့ လှေကို ထိန်းမနိုင်တော့ မြစ်ထဲ ပါသွားတယ်။ အဲဒါတာကို သွားဆယ်တဲ့အခါမှာ လှေနှစ်စီးကြားညှပ်ပါသွားပြီး ပွဲချင်းပြီဆုံးသွားတာ။ မိနစ် ၂၀ ကြာမှာ ချောင်းထဲက အလောင်းတွေ့ပါတယ်" ဟု ပြောသည်။
သေဆုံးသွားသူမှာ ဇနီးဖြစ်သူနှင့် သမီး (၄) ဦး ကျန်ခဲ့ပြီး အလောင်းအား ဧပြီလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အုတ်ကြွတ် ကျေးရွာသုဿာန်တွင် သဂြိုလ်သွားမည်ဟု သိ၇သည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.