English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၃ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေပွိုင့်ကမ်းခြေနားရှိ အုန်းတောတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ
ဧပြီ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :6866
မှုခင်း သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီလ ၂၃/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေပွိုင့်ကမ်းခြေနားရှိ အုန်းတောတွင် အမည်မသိ အမျိုးသမီး အလောင်း တစ်လောင်းကို ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ရှိသည့်အမျိုးသမီးအလောင်းမှာ သေဆုံးသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်နိုင်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာက ပြောသည်။
“ဘာမှတော့ မသိရသေးဘူး။ လက်တစ်ချောင်းကတော့ မြေခွေးတွေ စားသွားကြတယ်ထင်တယ်။ ကြည့်၇တာအချိန်ကြာပြီ ၅ ရက်လောက်တော့ ကြာလောက်ပြီ။ မျက်နှာတွေရောင်ပြီး ပုတ်နေပြီ”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးအလောင်းနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိရမှုမရှိသေးဘဲ စစ်ဆေးရန် ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းဒုဥက္ကဋ္ဌ ကိုသားချေက ပြောသည်။
“ရဲမှူးကတော့လာကြည့်လာတယ်။ လောလောဆယ်တော့ မနေ့က နာရေးကားပေါ်တင်ပြီး ခွဲရုံပို့ထားတယ်။ လက်ရှိအဖြေကတော့ မသိရသေးဘူး။ မူခင်းဆရာဝန်ရောက်လာမှ သူတို့ ဘယ်လိုလုပ်မလဲမသိဘူး”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်ကို အမှတ် ၁ ရဲစခန်းမှူးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မ၇ခဲ့ပါ။
(ဓာတ်ပုံ-မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း)
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.