English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေရန်ပြေမာန်ပြေဘုရားမှ သိန်း ၆၀ ကျော်ဖိုး ပစ္စည်းများခိုးယူခဲ့သည့် သူခိုးများအား ၃ ရက်အကြာတွင် ဖမ်းဆီးရမိ
ဧပြီ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :2897
မှုခင်း သတင်း
သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၂၅ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ မိဇံရပ်ကွက်၊ BXT ဆိပ်ကမ်းနားတွင် အဓိဌာန် ဆရာတော်ကြီး တည်နေသော ရန်ပြေမာန်ပြေဘုရား ဆောက်လုပ်ရေး လုပ်ငန်းခွင်က ဆောက်လုပ်ရေးပစ္စည်း သိန်း၆၀ ကျော်ဖိုးခိုးယူသွားသည့် သူခိုး ၃ ဦးအား ၃ ရက်အကြာတွင် ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။
၎င်းသူခိုး ၃ ဦးအား ယမန်နေ့ ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဖမ်းမိထားသည်ဟု စစ်တွေ ရန်ပြေမာန်ပြေ ဘုရားဆောက်လုပ်ရေးတာဝန်ခံ ဦးစံမြက ပြောသည်။
" သူတို့က အုပ်စုဖွဲ့ပြီး လိုက်ခိုးနေတယ်လို့ပြောတယ်။ ကျနော်တို့သိရတာက ဆောက်လုပ်ရေး အရောင်းဆိုင်တွေကို စုံစမ်းတော့ အဲ့ကနေ သဲလွန်စရပြီး စဖမ်းမိတာ။ ပစ္စည်းတွေတော့ တစ်ချို့ တစ်ဝက်တော့ပြန်၇ပြီ"ဟု ပြောသည်။
ခိုးယူခံ၇သည့် ပစ္စည်းများမှာ အချင်း ၄ လက်မ၊ အရှည် ၁၀ ပေရှိသည့် သံပိုက် ၂၁ ချောင်း၊ ၂၅ ကောင် ဝပ်ရှိ မီးစက်တစ်လုံး၊ 10 kv ဒိုင်နမိုစက် ၂ လုံးတို့ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၀နှင့် ၂၁ ရက်နေ့တို့တွင် အခိုးခံလိုက်၇ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်တွေတွင်အုပ်စုလိုက် မကြာခဏခိုးမှုများ ဖြစ်ခြင်းမှာ ဥပဒေစိုးမိုးမှုမရှိခြင်းကို ဖော်ပြနေခြင်း ဖြစ်ပြီး တစ်ခြားတစ်ဘက်တွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် ခိုးမှုများ ထူပြောလာခြင်း ဖြစ်သည်ဟု ဦးစံမြကပြောသည်။
" ဒီလိုမကြာခဏဒီလိုခိုးမှုတွေဖြစ်တာ ဥပဒေစိုးမိုးမှုမရှိလို့။ နောက်တစ်ခုက အလုပ်အကိုင်တွေ အရမ်းရှားပါးလို့။ ပြီးတော့တချို့ဆိုင်တွေက အဲသလို ခိုးလို့လာရောင်းတဲ့ပစ္စည်းဆို ဝယ်ကြလို့ သူခိုးတွေပေါလာတာ"ဟု ပြောသည်။
လက်ရှိတွင် ဖမ်းမိထားသည့် သူခိုး ၃ ဦးအနက် တစ်ဦးကို စစ်တွေအမှတ် ၁ ရဲစခန်းတွင် အမှုဖွင့် ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိ၇သည်။ အဆိုပါ အဖမ်းအဆီးကိစ္စ စစ်တွေအမှတ် (၁)ရဲစခန်းကို အတည်ပြုချက်ရယူရန် ဖုန်းဆက်သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။
စစ်တွေရှိ အဓိဌာန်ဆရာတော်တည်ထားသည့် ရန်ပြေမာန်ပြေဘုရားကြီးကို ၂၀၂၀ မတ်လမှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ မေ လတွင်ပြီးစီးမည်ဟု သိရသည်။ အဆိုပါ ဘုရားမှာဉာဏ်တော် ၇၂ပေ နှင့်ပလလ္လင်တော် အမြင့်မှာ ၁၁ ပေရှိပြီး အဓိဌာန်ဆရာတော်ဘုရားတည်ခဲ့သော ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဘုရားဖြစ်ကြောင်း သိ၇သည်။
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.