English Edition
စနေနေ့၊ ဇွန်လ ၂၈ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေ အထက(၅)အနီးတွင် လူသေအလောင်းတစ်လောင်းတွေ့
ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :1991
မှုခင်း သတင်း
နိရဉ်စရာ၊ မေ ၂၉/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အထက(၅)နောက်ဘက်လမ်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိ၇သည်။
အဆိုပါလူသေအလောင်းမှာ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်မှ ဦးဇော်ဝင်း(၅၅ နှစ်)ဖြစ်ပြီး လမ်းသစ်ရပ်ကွက်ရှိ အထက(၅)နောက်ဘက်လမ်း၊ငှက်ပျောတောဘုန်းကြီးကျောင်းဘေးနားတွင် သေဆုံးနေသည်ကို ယနေ့ မေလ ၂၉ ရက် နံနက် ၆ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအားသယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
"သူသေတဲ့အချိန်ကိုခန့်မှန်းသလောက်ကတော မနေ့ည ၁၀ နာရီလောက်ကတင် သေနေတာထင်တယ်။ သူက အရက်သောက်တယ်။ ပြီးတော့ ဆေးရုံကဆင်းလာတာလည်း မကြာသေးဘူး။ အရင်တစ်ခေါက်လည်း လေဖြတ်ဖူးတယ်။ သေချာတာကတော့ သူက အရက်မူးပြီး မူးလှဲ
သွားတယ်လို့ထင်တယ်"ဟု ပြောသည်။
သေဆုံးသွားသူသည် မကြာသေးခင်က ရဟန်းမှထွက်ထားသူဖြစ်သည်ဟုလည် သိ၇သည်။
လက်ရှိတွင် သူ၏ရုပ်အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားသည်ဟု သိ၇သည်။ (NN-13)
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.