English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောတွင် မူဆလင်ကလေးငယ် ၃ ဦး ရေနစ်သေဆုံး
ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :6050
မှုခင်း သတင်း
နိရဉ္စရာ၊ မေ ၃၀ /၂၀၂၂
၇ခိုင်ပြည်နယ် မောင်တောမြို့တွင် ယမန်နေ့က မူဆလင်ကလေးငယ် ၃ ဦး ရေနစ်သေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူများမှာ မောင်တောမြို့ ရပ်ကွက်(၂) (ခေါ်)မြို့မတောင်ရပ်ကွက်မှ မောင်အာလိုဝါဆာမတ်(၇ နှစ်)၊ မကာဘူ (၉ နှစ်)နှင့် မရေဇူ (၁၀ နှစ်)တို့ဖြစ်သည်။
အိမ်နီးနားချင်းများဖြစ်ကြသည့် သူတို့ ၃ ဦးသည် ယမန်နေ့ မေလ ၂၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရပ်ကွက်၏တောင်ဘက် မောင်နီရပ်ကွက်ရှိ ပုစွန်ကန်တစ်ခုသို့သွားရောက်ကာ ငါးရှာနေစဉ် ရေနစ်မြုပ်သေဆုံးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးလှသိန်းက နိရဥ္စရာကို အတည်ပြုပြောသည်။
“ကလေးတွေက ငါးတွေဘာတွေရှာဖို့ ပုစွန်ကန်ဆီသွားတာ။ အဲဒီမှာ ရေကလည်း ကြီးနေတယ်။ လူလည်းမမြင်လိုက်။ ကလေးတွေကလည်း သတိမထားလိုက်လို့ အဲလိုသေသွားတာ”ဟု ပြောသည်။
အခင်းဖြစ်ပြီးနောက် အလောင်းများအား မောင်တောဆေးရုံသို့သယ်ဆောင်သွားခဲ့ပြီး ယမန်နေ့ ညတွင် ကျေးရွာသို့ပြန်လည်သယ်ဆောင်ကာ ဘာသာရေးထုံးတမ်းစဉ်လာအရ သင်္ဂြိုလ်လိုက်ပြီဟု သိ၇သည်။ (NN-2)
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.