Preview

မြောက်ဦးမှဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး ဓားထိုးခံရ၍ ပြင်းထန်ဒဏ်ရာရရှိ

ဇွန် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :10150
မှုခင်း သတင်း
နိရဥ္စရာ၊ ဇွန် ၈ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ ကမ္ဘောဇဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ဓားထိုးခံလိုက်ရသည့်အတွက် ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိ၇သည်။
ဓားထိုးခံရသည့်အမျိုးသမီးမှာ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်တွင် နေထိုင်သည့် မဌေးဝင်း (၂၇ နှစ်)ဖြစ်ပြီး ယမန်နေ့ ဇွန်လ ရ ရက် ညနေ ၈ နာရီကျော်ခန့်တွင် နေအိမ်၌ရှိနေစဉ် မြောက်ဦးမြို့မှ ကိုရဲသိန်းဝင်းဆိုသူက ဓားဖြင့်လာရောက်ထိုးခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်သားများက ပြောသည်။
ယင်းသို့ဓားထိုးခံရမှုကြောင့် သူမ၏နားထင်၌ ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး လက်နှင့်ခြေထောက်များတွင်လည်း အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသည့်အတွက် လက်ရှိတွင် မြောက်ဦးမြို့နယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေ၇သည်ဟု အမည်မဖော်လိုသည့် အိမ်နီးချင်းအမျိုးသားတစ်ဦးက ပြောသည်။
“မြောက်ဦးမှာ မနေ့က မိုးတအားရွာနေတာ။ အဲဒီအချိန်မှာ သူမကိုလာပြီးတော့ ဓားနဲ့ထိုးသွားတာ။ ဓားနဲ့ထိုးပြီးတော့ သူကပြေးသွားတယ်။ ဘာကြောင့် ဒီလို လုပ်တာလဲဆိုတာတော့ မသိ၇ဘူး”ဟု ပြောသည်။
ဓားဖြင့်ထိုးသွင်းခဲ့သူသည် မဌေးဝင်းနှင့် အိမ်ထောင်တရားဝင်ကွာရှင်းထားသည်မှာ ၂ နှစ်ကျော်ရှိပြီဟုလည်း သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်များအား ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။ (NN-11)
Photos - Shine Bu Chay

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.